" ရိ..ရိပေါ်..။ မူးနေပြီလား.."
ခုံချင်းကပ်ရပ်ထိုင်နေတဲ့ ယန်းက ရိပေါ်ရဲ့ ရိဝေဝေ ခပ်စူးစူးအကြည့်တွေကို မခံနိုင်စွာ...ထမေးရှာတယ်...။ဝမ်ရိပေါ်ဆိုတာ...သူနဲ့ တခါမှ အလုပ်တွဲမလုပ်ဖူးပေမဲ့....ယန်းအဖေပိုင်တဲ့..Company နဲ့ အလုပ်တွဲလုပ်ဖူးတယ်...။
Company က စီးပွါးရေးစျေးကွက်အတွင်းမှာ...နာမည်ကြီးဖြစ်နေတာမို့...ဖိတ်ကြားခံရတဲ့အပြင်...ရိပေါ်နဲ့ ခုံချင်းကပ်ရက် ထိုင်ရဖို့အတွက်.....တိတ်တဆိတ်ကြိုးစားခဲ့ရတာတွေကတော့.....အလကားမဖြစ်ခဲ့ဘူးပေါ့...။
အခုတော့....ဘေးနားက ဝမ်ရိပေါ်က သူ့ကို ဝါးစားတော့မဲ့အတိုင်း...စူးစိုက်ကြည့်နေတာက မြင်မကောာင်းအောင် အိန္ဒြေပျက်နေလိုက်တာ..။
ယန်း....စိတ်ထဲကျိတ်ပြီး ကျေနပ်ရပြန်တယ်...။
ဆန္ဒတွေအတိုင်းသာ...ရိပေါ်နဲ့ပတ်သတ်ခွင့်ရမယ်ဆိုရင်.....မဝေးတော့တဲ့အောင်မြင်မှုဆိုတာတွေလည်း....သူလက်လွှတ်ရဲတယ်လေ...။
အတွေးတွေထဲ...ရှောင်းကျန့်သာပိုင်စိုးခံထားရတဲ့ ရိပေါ်ကတော့ ....လက်ရှိပစ္စုပ္ပန်ကာလကို မေ့လျော့ကာ...ယန်းတပ်ထားတဲ့ အလှမျက်မှန် အဝိုင်း လေးအောက်မှာ ရှောင်းကျန့်ရဲ့....မျက်လုံးပြူးပြူးတွေနဲ့...ယုန်သွားပြူးပြူးတွေကလွဲလို့ ဘာမှမရှိဘူး...။
ဒီနေ့...ပြိုင်ပွဲမှာ အနိုင်ရလာတဲ့ ရိပေါ်အတွက်....Conpany က private Dinner တစ်ခု စီစဉ်ပေးထားတာမို့...ရိပေါ်နဲ့ အလုပ်တွဲလုပ်တဲ့...နာမည်ကြီးတွေအကုန်လုံး ဖိတ်ထားပေးတဲ့ပွဲ...။
ကိုယ့်အတွက် လုပ်ပေးတဲ့ပွဲမှာ...ပြိုင်ပွဲမှာ အနိုင်ရလာတာကလွဲလို့ တစ်ခုမှ သူပျော်မနေဘူး..။
ဘာလို့လဲဆို သူ့ရဲ့ရှောင်းကျန့်ကို ခုချိန်ထိ မတွေ့ရလို့...။
" ရှောင်းကျန့်က Company ကနေ Emergency Leave ယူသွားတယ်တဲ့..။ ရှန်ဟိုင်းပြန်သွားတယ် ဆိုတာကလွဲပြီး ရုံးက ဘာမှမပြောဘူး..။"
ပြိုင်ပွဲပြီးပြီးချင်း ရှောင်းကျန့်ကို မတွေ့ရလို့... Lele ကို မနေနိုင်စွာ ထုတ်မေးတော့ ရိပေါ် သိလိုက်ရတာက အဲ့ဒီ့ထက်မပိုဘူး..။