" ပါးပါ့..နေသာရဲ့လား.."
ပါးဘေးမှာ ဝင်ထိုင်ရင်းမေးတော့ ပါးက ခေါင်းအသာညှိတ်ပြတယ်...။
" အားကျန့် လည်း ပါးပါ့ကြောင့် အလုပ်တွေ ပျက်ကုန်ရပြီး.."
"အာ...မဟုတ်တာ...။ အလုပ်ထက် ပါးပါ့က ပိုအရေးကြီးတာကို..."
ပါးက သူ့စကားကြောင့်...ပြုံးရှာတယ်...။ပါးပါ့ နေမကောင်းလို့ ဆေးရုံတင်ထားရတယ်လို့ Phone ဆက်လာတုန်းက...ပြိုင်ကွင်းမှာ ရိပေါ် Rehearsal လုပ်နေတဲ့ အချိန်...။
လိုအပ်ချက်အရ ခွဲစိတ်ကုသရမယ်ဆိုတော့ သူအတော်လေး ထူပူပြီး အိမ်အမြန်ပြန်ဖို့သာ...ဇောကပ်နေတာမို့...ရိပေါ်ဆီက ခွင့်တောင်းဖို့လည်း သတိမရခဲ့ဘူး...။
Company ကို အရေးပေါ် ခွင့်တင်ပြီး...ရိပေါ်ကိုတောင် အသိမပေးနိုင်တော့ပဲ..ရှန်ဟိုင်းကို ချက်ချင်းပြန်လာခဲ့မိတာ..။
အင်း.....အဲ့ဒီ့ညကိုတော့......ဖယ်ထုတ်ထားလိုက်ရမှာပေါ့..။
အခုဆို...တစ်ပတ်ကျော်လို့ နှစ်ပတ်ထဲတောင်ရောက်နေပြီ..။
ရိပေါ်ရော ...လန်ဒန်က ပြန်ရောက်ပြီး အလုပ်ဝင်နေတာ...အဆင်ရော ပြေပါ့မလားလို့ တွေးမိတယ်...။
ရှောင်းကျန့်ကို မမြင်ရတာနဲ့တင်..ဝမ်ရိပေါ်ရဲ့ နေ့ရက်တွေက ရက်ရာဇာဖြစ်နေမှာမို့....အဆင်ပြေနေမှာပါဆိုတဲ့ အတွေးတစ်စ ဝင်တော့...လွမ်းမိတဲ့ စိတ်ကလေးက တစ်ဝက်တပျက်နဲ့ ငုတ်လျိုးပျောက်ကွယ်ရတယ်....။
ဒီလိုနဲ့...ရှောင်းကျန့်ဟာ...လွမ်းတစ်ဝက်..သတိရတစ်ဝက်စိတ်တွေကြားမှာ...ပါးပါ့ကျန်းမာရေးနဲ့ ...စိတ်ပူရတွေလည်း ရှိခဲ့တယ်..။
အခုတော့.....ပါးလည်း..အဆင်ပြေပြေနဲ့ သက်သာလာပြီမိုလို့....စိတ်ပူရတာတွေ လျော့သွားရပေမဲ့....သူ့ရဲ့ အကောင်ပေါက်ကို လွမ်းရတာတွေကပိုတိုးလို့ ဆိုးတယ်...။
ဒီကြားထဲ.....ရှောင်းကျန့် မရှိတဲ့ ကာလတစ်လျှောက်လုံး....ပါးနဲ့ မားအပေါ် ကျန့်ရှီဖင်းရဲ့...ဂရုစိုက်စောင့်ရှောက်မှုတွေက....ရှောင်းကျန့်အတွက်...ဝန်လေးစေပြန်တယ်..။
ပါးရဲ့ အရေးပေါ် ကုသမှု စရိတ်တွေအတွက်...ရှီဖင်းဘက်က...အပြည့်အဝ တာဝန်ယူထားတဲ့အကြောင်း..မားပြောပြခဲ့တုန်းက...သူပြစ်ပြစ်ခါခါ ငြင်းဆန်ခဲ့တာပဲ..။