" စိတ်မကောက်နဲ့နော် ခွေးပေါက်လေး...။ မွေးနေ့မှာ အတူမရှိပေမဲ့...အားလပ်ရက်တစ်ပတ်ကြီးတောင် အနားမှာရှိနေမှာလေ...နော်.."
"Ommmmm"
Conservative ထဲက..အစက်လေးသုံးစက်က အကြာကြီး တလှုပ်လှုပ်ဖြစ်နေပြီးမှ...ပြန်ပို့လာတဲ့ Ommm ဆိုတာကို မြင်တော့ ရှောင်းကျန့် ြပုံးမိတယ်....။
အလုပ်တွေကိုယ်စီနဲ့ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ...ရှားပါးလွန်းကြတာမို့...တခါတလေ..လူကြီးဖြစ်တဲ့ သူတောင်မှ..အလိုမကျ ငြီးငြူမိတာတွေ ရှိသေးတာပဲ...။
တဖက်ကကောင်လေးကရော...ထုတ်ဖေါ်မပြောရက်တဲ့....ဆန္ဒတွေဆိုတာ...ရှောင်းကျန့်က မသိချင်ယောင်ဆောင်ခဲ့ရတာကလွဲရင် မသိပဲ နေခဲ့တာလည်း မဟုတ်ဘူး..။
အခုလည်း မွေးနေ့ရက်လေးတောင် အနားမရတဲ့..သူ့ကို ...ဘာတစ်ခုမှ စောဒက တက်မလာပေမဲ့....connection ကျနေတဲ့ conservation အရ ...ဝမ်ရိပေါ်ဟာ...စိတ်ကျေနပ်မှု ရှိမနေတာကို အချက်ပြလာတာမို့ ရှောင်းကျန့်က ပြုံးရတာ..။
တကယ်က...သူပေကျင်းပြန်နေတဲ့ လမ်းမှာ..။
ပြန်မလာတော့ဘူး ပြောထားပြီး...မွေ့နေ့အတွက် Surprise လုပ်ဖို့ပဲ...။အရင်ကာလတွေ အကုန်လုံးမှာ ရှောင်းကျန့်လည်း အားလပ်ချိန် မရှိသလို ရိပေါ်လည်း အနားမရခဲ့ဘူး..။
ရတဲ့အချိန် ခဏလေးကို...နာရီပိုင်းလောက် ထွေးပွေ့ခွင့်ရဖို့အတွက် မိုင်ပေါင်းများစွာကို အပင်ပန်းခံ ခရီးဆန့်ရတတ်ပေမဲ့ ..နှစ်ယောက်လုံး ပင်ပန်းတယ် မတွေးမိကြဘူး..။
ဒါပေမဲ့...ပိုတိုးလို့ချစ်လာရတိုင်း...ပိုပြီးကြီးမားလာတဲ့ လောဘတွေကြားမှာ..ဒီလူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက်..ပိုပိုပြီးမက်မောလာကြတာပါပဲ..။
နားလည်မှုတွေပြည့်နေတဲ့ နောက်က ပြောမထွက်ရက်တဲ့စကားလုံးတိုင်းမှာ...ချစ်သူနဲ့ ပြည့်ပြည့်ဝဝ အနားယူချင်တဲ့ဆန္ဒတွေက တောင်လိုပုံနေတာ...။လူကြီးဖြစ်တဲ့ သူတောင် ဒီလိုတွေခံစားနေရရင်...အဲ့ဒီ့ကောင်လေးကရော..မလိုချင်ပဲရှိမှာတဲ့လား..။
မွေးနေ့လေးမှာတောင် တစ်ယောက်တည်းအထီးကျန်နေရမဲ့အဖြစ်ကို ...ဒီထပ်ပိုပြီးမခံစားချေင်တော့ဘူး..။