" ဟယ်လို ...ရှောင်းကျန့်.."
လော့ယွယ်က သူ့ကိုမြင်တာနဲ့...နှုတ်ဆက်လာတာမို့...ခါးလေးကိုင်းရင်း...ပြန်နှုတ်ဆက်ရတယ်...။
" ဘယ်လိုလဲ....ဒီကြားထဲ အဆင်ပြေခဲ့ရဲ့လား..."
အမေးကို...ပါးစပ်ပိတ်ပြုံးရင်း...ခေါင်းပဲယမ်းပြတော့....လော့ယွယ်က....ရယ်တယ်...။
ပွဲတစ်ခုမှာ...သီချင်းဆိုပေးဖို့ရှိတာမို့...လော့ယွယ်ရော သူရော ရီဟာဇယ်အတွက် ရောက်လာကြရတာ..။
စီနီယာတွေအများကြီးနဲ့...တွေ့ခွင့်ရလို့...ရှောင်းကျန့်ကတော့ အရာရာ တတ်ကြွလို့ပေါ့..။
လော့ယွယ် ဆိုသည်မှာလည်း....သူတို့လောကထဲမှာတောင် စီနီယာတန်းဝင် မင်းသမီးတစ်လက်မို့....ရှောင်းကျန့်အနေနဲ့က...အရင်က သိခဲ့ဖူးတာမျိုးမဟုတ်ရင်....အိပ်မက်တောင် မမက်ရဲတဲ့...အနေအထားလေ။
" ရိပေါ်နဲ့ရော...အဆင်ပြေပြီလား..."
"အာ...ဒီလိုပါပဲ..."
သူ့အဖြေကြောင့် လော့ယွယ်က မျက်စောင်းလေး မသိမသာ ထိုးရင်း..
"မဖြေချင်လဲ နေပါ.." တဲ့။
သူဘာမှ ထပ်မပြောပဲ....ပြုံးပဲပြုံးနေလိုက်တယ်...။
ဇာတ်ကားတစ်ခုလုံး....ရိုက်ကွင်းမှာ နေ့တိုင်းနီးပါး လတွေအကြာကြီး အတူရှိခဲ့ကြတာမို့...လော့ယွယ်သိနေတာတွေ အများကြီး ရှိချင်လည်း ရှိမှာပေါ့...။
ဖြစ်ပျက်ခဲ့တာတွေလည်း အားလုံးအသိမို့....လောယွယ်ကို ထူးပြီးညာနေစရာလည်း မရှိနေပါဘူး...။
" ရိပေါ်ကတော့ ကြားထဲမှာ တော်တော်ဆိုးဆိုးလေး ဖြစ်သွားတာနော်....."
စကားအဆုံး...ရှောင်းကျန့် နားမလည်သလို လှည့်ကြည့်မိတယ်...။
သူနဲ့ ပြန်တွေ့ဖြစ်ခဲ့တဲ့...Brand FM မှာတုန်းက " ဒီလိုပါပဲ...အဆင်ပြေပါတယ်.." ဆိုတဲ့...LeLe Ge ရဲ့...စကားတွေကို...သူအကြယ်တဝံ့ ထပ်ပြီး မတွေးမိခဲ့ဘူး...။
" အဆင်ပြေမှာပါ။ အစတည်းက ရိပေါ်က ငါ့ကိုမရှိစေချင်တာပဲ.." ဆိုတဲ့ ကိုယ့်ဘာသာ တစ်ထစ်ချ ယုံကြည်ချက်တွေလည်း ပါတာပေါ့...။