" အမလေး..."
တံခါးဖွင့်ဝင်လိုက်တာနဲ့...အိမ်ရှေ့ဧည့်ခန်းအမှောင်ထဲမှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ပုံရိပ်ကြောင့် ရှောင်းကျန့်လန့်ဖျန့်သွားရတယ်...။
" Congratulations ကျန့်ကော.."
" ရိ..ရိပေါ်..."
ဖျက်ကနဲ လင်သွားတဲ့မီးရောင်အောက်မှာ ...တစ်အိမ်လုံး အလှဆင်ထားတဲ့...ပန်းခြင်းတွေ....ဆာကူရာပန်းနံ့ပါတဲ့ မီးမညှိရသေးတဲ့ ဖယောင်းတိုင်းခွက်တွေ ပွစာကျဲနေတဲ့ အထဲမှာ....ရိပေါ်က ငုတ်တုတ်လေး...။
ရှောင်းကျန့်အခန်းရဲ့ တံခါး PW ကို ရိပေါ် သိနေပေမဲ့...တခါမှ အခုလို သူတစ်ယောက်တည်း ရောက်နေတာမျိုးမရှိခဲ့ဘူး...။အခုက...ရှောင်းကျန့်အံ့ဩသွာအောင် ပန်းတွေ မီးတွေနဲ့..Decorations လုပ်ပြီး စောင့်နေပုံရပေမဲ့...ရှောင်းကျန့်က အခုမှ ပြန်ရောက်လာမိတော့....အတူသောက်ဖို့ ပြင်ထားပုံရတဲ့ Wine ပုလင်းက ရိပေါ် လက်ထဲမှာ ကုန်လုနီးပါး...။
အမှောင်ကြောက်တတ်တဲ့ကောင်လေးက...အမှောင်ကြီးထဲ ငုတ်တုတ်ထိုင်နေကတည်းက...စိတ်ရဲ့ပူလောင်မှူ level ကို ရှောင်းကျန့် ခန့်မှန်းမိလိုက်တယ်...။ရှောင်းကျန့် ..ခပ်တိုးတိုးခေါ်တော့....ရိပေါ်က မဆိုသလောက် ခပ်မဲ့မဲ့ လေး ပြုံးရင်း ခပ်ယိုင်ယိုင် ထလာတယ်...။
" မင်း...မင်းမူးနေတာလား.."
" အဟက်..။မူးစရာလား..ကျနော်က ဘယ်လောက်သောက်သောက် မမူးဘူး...။ခင်ဗျားပဲ...ခင်ဗျားကိုပဲ မူးရူးလာမှာ စိုးတာ.."
"....."
ရှောင်းကျန့်..တိတ်ဆိတ်သွားရပြန်တယ်...။ဒီနေ့...ရှောင်းကျန့်ရဲ့ သီချင်းအသစ် Release လုပ်တဲ့နေ့...။
သီးချင်းထွက်ပြီးပြီးချင်း....နာရီဝက်အတွင်းမှာ စံချိန်သစ်တင်သွားတဲ့ ရောင်းအားတွေနဲ့...Social Network တစ်ခုလုံးမှာ ရှောင်းကျန့်နဲ့ သူ့ရဲ ့ New Song အကြောင်းတွေချည်း...။
ချီးမွမ်းတာတွေ ဝေဖန်တာတွေ ရောထွေးနေပေမဲ့....မျှော်လင့်ထားတဲ့ ...ဖန်တီးမှုတစ်ခု ထိထိရောက်ရောက်...ပြီးမြောက်သွားရတာမို့....ဒီနေ့က သူ့အတွက်တော့ တကယ်ပျော်ရွှင်ရပါတယ်...။