"ဝမ်လောင်ရှီး....အိပ်ငိုက်နေပြီလား"
ခေါင်းထက်က ဆံပင်တုကို...သေချာပြန်ပြင်တပ်ပေးနေတဲ့..staff က ခဏ ခဏသမ်းနေတဲ့ သူ့ကို မေးလာတာမို့..သမ်းလိုက်လို့ ဝဲလာတဲ့မျက်ရည်တွေကို ဖွဖွသုတ်ရင်း သူခေါင်းခါပြလိုက်တယ်...။
သုံးရက်လုံးလုံး....stand by ရိုင်ကူးရေး လုပ်နေရတာမို့..ရိပေါ်မအိပ်ရသေးတာလည်း သုံးရက်နဲ့ သုံးညရှိပြီပေါ့...။
ခဏလေးရတဲ့ အနားယူချိန်လေးမှာ အိပ်ဖို့ကြိုးစားပေမဲ့လည်း..ဟိုအရှည်ကောင်ကို လွမ်းရတာနဲ့ အိပ်လို့လည်းမပျော်ဘူး...။
ဒီနေ့ဆို...လေးရက်ရှိပြီ။
တစ်ပတ်နဲ့ လေးရက်တောင် ရှိနေပြီမို့...နောက်ရက်နည်းနည်းကို ...သူကျိတ်မှိတ်သည်းခံရအုံးမယ်..။
ဒီလိုနဲ့..ရှောင်းကျန့်ပြန်ရောက်မလာခင် ကြားထဲမှာ...ရိပေါ် ရူးမသွားအောင်တော့ ဆုတောင်းပေးကြပေါ့..။
လွမ်းနေလို့ လွမ်းတယ်လို့လည်း ထုတ်ပြောလို့မသာတဲ့ အခွင့်အရေးတွေနဲ့.. ဘေးနားက LeLe တို့ HungGe တို့အပါအဝင် လူတွေရှေ့မှာ...သူက CoolGuy ကြီးလေ..။ဘာတွေအဆင်မပြေစရာရှိလို့လည်းပေါ့...။
ဒီနေ့လည်း....မနက်သုံးနာရီလောက်တည်းက...Fighting ခန်းတွေရိုက်ထားရတာမို့...လူကနုံးခွေပြီး အားမရှိချင်တော့ဘူး..။
အရမ်းပင်ပန်းလာတိုင်း...ပိုပြီးတ မ်းတမိတာက ရှောင်းကျန့်။
ရှေးခေတ်ဇာတ်လမ်းဖြစ်တာမို့...တောထဲမှာshooting တည်တိုင်း ရိပေါ်ရဲ့ဒုက္ခက အင်းဆက်ကောင်တွေကို ကြောက်တာပါပဲ...။
ကိုယ်လုံးတွေပေါ် ဝှီးကနဲ ပျံတတက်လာတိုင်း...ကလီဇာတွေ ပြောင်းပြန်လန်ကုန်သလိုကို အသဲယားတာမို့....ဒီရက်တွေကို သူတကယ်မုန်းနေခဲ့ပြီ..။
ရှောင်းကျန့်ရှိနေတုန်းက..အင်းဆက်တွေ မလာအောင် air freshener တွေ ဂရုတစိုက်ဖြန်းပေးတတ်တာမို့...ဒီဒုက္ခကို သိပ်မခံခဲ့ရပေမဲ့...အခုတော့ အဲ့လိုဟုတ်မနေဘူး..။
HungGe က သတိရတဲ့အခါ..လာဖြန်းပေးတတ်ပေမဲ့...ရှောင်းကျန့်နဲ့ မတူတာတော့ သေချာတယ်..။ဘာမတူတာမှန်းလည်း မသိပဲ...ရှောင်းကျန့်မရှိတဲ့..အဲ့ဒီ့နေ့ရက်တွေက...ရိပေါ်အတွက်တော့..အားလုံးအဖုအထစ်တွေချည်းပဲတဲ့...။