Ah! Sorry ! Sorry ! Sorry !"X-Ray စက်ထဲက ထွက်လာတဲ့ ခြင်းလေးထဲက Phone ကိုလှမ်းအယူ ဘေးကနေ ပြာကလဲဆန်စွာ ဝင်တိုက်ပြီး စက်ပေါ်က Luggage တွေကို အလောတကြီးဆွဲချရင်း တောင်းပန်တဲ့လူကြောင့် ခဏနောက်ဆုတ်ပေးလိုက်မိတယ်။
"ဘာလဲဟ!ပျာယာခတ်နေတာပဲ " 🙄ဆိုပြီး မျက်စမွှေးစူးမိပေမဲ့ တခြားလေယဉ်ပြောင်းစီးဖို့ Transit ရှိတဲ့လူနေမှာပါဆိုတဲ့ အတွေးနဲ့ ခဏ နောက်ဆုတ်ပေးလိုက်တယ်။
"အီး..."
ဒီလောက်ရှောင်ပေးထားတာတောင် သူ့ရဲ့ ဧရာမအိတ် ဘီးလုံးကြီးနဲ့...ရိပေါ်ရဲ့ အသစ်စက်စက် Nike SB Dunk high အစိမ်းရောင်ဖိနပ်လေးကို တက်ကျိတ်သွားတာမို့....အသံတိတ် ကျိမ်ဆဲပြစ်တယ်။
"ငလူးလိုပဲ....ဒီလောက်ရှောင်ပေးထားတာကို"
ခါးကို ကိုင်းကာ....ပေသွားတဲ့ ဖိနပ်ထိပ်ကို လက်ဝါးနဲ့ ပွတ်သုတ်ပြီး....ဝတ်ထားတဲ့ ဘောင်ဘီ ဖင်မှာ လက်ပြန်သုတ်လိုက်တယ်။
ပြီးမှ.....X ray စက်ပေါ်က ကျလာတဲ့ ကိုယ့်အိတ်ကို လှမ်းဆွဲလိုက်တယ်။
"အိုက်ယား! ခုနက ဒီလောက်မလေးပါဘူး"
X-ray စက်ပေါ်က luggage ကို သယ်ချရင်း တစ်ကိုယ်တည်းရေရွတ်မိတယ်။
ထိုင်းနိုင်ငံ DmAirpot ရဲ့ Immigration ရှေ့က လူအုပ်ကြီးကို သာမန်ဆန်စွာ အေးအေးဆေးဆေး ကျော်ဖြတ်လာနိုင်ခဲ့ပေမဲ့ ဒီလောက်လေးပင်လွန်းတဲ့ Luggage ကြီးကြောင့် တရုတ်ပြည်မှာ ကျန်နေခဲ့တဲ့ Manager ဖြစ်သူ HungGe ကို မေတ္တာပို့မိတယ်။
"ကျစ်! ဘာတွေနင်းကန်ထည့်ပေးလိုက်ပြန်ပြီလဲ မသိဘူး"
ငွေမင်ရောင် Luggage ကြီးကို မကျေမနပ် မျက်စိစွေကြည့်ရင်း အကျင့်ပါနေတဲ့ ခြေထောက်တွေက Airpot အပြင်ဘက် ခပ်သွက်သွက်လျှောက်နေမိတယ်။
အေးဆေးပဲမလား။
မထင်ပါနဲ့။
ရင်နည်းနည်းခုန်နေပါတယ်။
ဘာလို့လဲဆို ဒါဟာ ဘဝမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော် စွန့်စားခရီးပဲမဟုတ်လား။
Chinese Starတစ်ယောက်ဖြစ်တဲ့ Yibo လို လူမျိုးအတွက် ဒါဟာ သိပ်စွန့်စားရာ ကျနေပေမဲ့ အသက် 20 ကျော် လူငယ်တစ်ယောက်အနေနဲ့ တော့ မတရားကျေနပ်ပျော်ရွှင်စရာပဲလေ။