"Oh ..Shit!"
တစ်ညလောက်လေး မားတို့နဲ့အိပ်လိုက်ရပြီးမှ....အရင်လို ပုံမှန်အတိုင်းပြန်ပြီး အထီးကျန်တိတ်ဆိတ်သွားတဲ့...အခန်းလေးထဲမှာ...အိပ်မပျော်တဲ့...ရိပေါ်က....မားဝယ်ပေးသွားတဲ့..Lego အသစ်ကို ထိုင်ဆက်နေတာ....မနက် လေးနာရီထိုးတဲ့အထိ.....။ပုံမှန် အိပ်ယာထရတဲ့အချိန်မို့....Alarm ပေးထားတဲ့...နာရီက ရုတ်တရက်ထမြည်လာတော့...လန့်ဖျန့်ကာ...လက်ထဲက Lego အပိုင်းလေးက ပြုတ်ကျသွားတယ်....။
"ချီးပဲကွာ....ပြီးတော့မှာကို..."
အောက်ကျသွားတဲ့....အပိုင်းလေးက ...ဘယ်နားထိ လိမ့်သွားမှန်း မသိရပဲ ကျသွားတဲ့နေရာမှာ အလွယ်ရှာမရတော့လို့ ပွစိပွစိရေရွတ်နေမိသေးတဠ်....။
" ........"
စားပွဲအောက်ထဲကို လက်နှိုက်ပြီးရှာလို့မရတာမို့....စားပွဲကို ..ကော်ဇောပေါ်ကနေ အသာတွန်းပြီးရွှေ့လိုက်မှ .....ခြေထောက်ရှည်ပြီး ဝင်သွားတဲ့....ဘီးလုံးအပိုင်းလေးကို ပြန်တွေ့လိုက်ရတယ်....။
"ဒါကရော...ဘာလဲ..."
မွှေးပွ ကော်ဇောရဲ့...အမွှေးတွေကြားမှာ နစ်ဝင်နေတဲ့...မှန်အပြားလေးကို ကောက်ယူပြီး ရိပေါ် ဇဝေဇဝါ ဖြစ်သွားမိပြီးမှ" မျက်မှန်က မှန်လား..."
ကိုင်းဘောင်ထဲက ကျွတ်ထွက်လာပုံရတဲ့...ခပ်ထူထူ မှန်ဝိုင်းလေးတစ်ဖက်ကို....ကိုင်ရင်း....ရိပေါ်ရဲ့ ခေါင်းထဲမှာ....အလုပ်တွေ ရှုပ်နေတော့တယ်....။
"ဘာလဲ...ဘယ်ကမျက်မှန်က ..ငါ့အိမ်ရောက်...."
အတွေးတွေ မဆုံးသေးခင်...မျက်မှန်ဝိုင်းလေးနဲ့ မျက်ဝန်းတစ်စုံကို ဖျက်ကနဲ အတွေးရောက်တော့....
"ကော...ကောမျက်မှန်လား......။ ကောမျက်မှန်က...ဘာလို့....ဘာလို့ ဒီမှာရှိနေတာလဲ..."
မှန်ဝိုင်းလေးကို ကိုင်ပြီး...ခေါင်းတွေ ထူပူလာတဲ့အထိ စဉ်းစားနေပြီးမှ....အပေါ်ထပ်အညိုရောင်လေးနဲ့....အရည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံရယ်......သူတွန်းလိုက်လို့ တိုက်မိပြီး ပြုတ်ကျသွားတဲ့...မျက်မှန်လေးရယ်ကို...သတိရတဲ့အခါ.....ဝဲဘက်ရင်အုံက နွေးကနဲဖြစ်တယ်...။