" အား....ငါစိတ်ငြိမ်ဆေး သောက်မှ ရမယ်ထင်တယ်...လောင်ဝမ်.."
ကျန့်ကောစကားကြောင့် ရိပေါ်က ဖွဖွလေး ပြုံးရင်း ကောကို ရင်ခွင်ထဲ သွင်းလို့ ဖက်ထားပေးလိုက်ရတယ်...။
ကောမှ မဟုတ်ဘူး...။သူလည်း ...အတူတူပါပဲ...
Grammy ရဲ့ years of The best artist ဆုကို ရိပေါ်ရသလိုပဲ the best singer ဆုကို ကျန့်ကောကရခဲ့တာလေ...။
အနုပညာသမားတိုင်းရဲ့ အိပ်မက်လမ်းကြောင်းပေါ်က ဆုတစ်ခုမို့...ကျန့်ကောစိတ်လှုပ်ရှားသလို သွေးအေး တည်ငြိမ်ပါတယ်ဆိုတဲ့ သူလည်း နေမရထိုင်မရ ဖြစ်နေတာ မဟုတ်လား...။
အမျိုးအမည်ပေါင်း များစွာနဲ့....ဆုပေါင်းများစွာကို..ယူခဲ့ဖူးသည်ဆိုပေမဲ့...Grammy ကတော့...ပထမဆုံးသော ဆုလေ..။
စိတ်ကူးယဉ် အိပ်မက်ထဲကအတိုင်း...ပထမဆုံးဖြစ်တည်လာသော...နေရာ..။
Red carpet တစ်ခုလုံးမှာ လေးစားအားကျရတဲ့ တကမ္ဘာလုံးက စီနီယာ အနုပညာရှင်တွေနဲ့ အတူရှိနေရမဲ့ အရေးမို့...ပိုပြီး စိတ်လှုပ်ရှားရသလို...traffic star အဖြစ် လူသိများခဲ့တဲ့ သူနဲ့ကျန့်ကောအတွက်...အများရဲ့ အာရုံစိုက်ခြင်းကိုလည်း ခံရတယ်...။
ကမ္ဘာအနှံ့က Cp fan /Only fan တွေနဲ့ အနီတွေရော အစိမ်းတွေရော အဝါရောင်တွေပါ ပြန့်ကျန့်ရင်း...ဝေါကနဲ ညံ့ထွက်လာတဲ့ သီချင်းက...သူနဲ့ကျန့်ကော စင်ပေါ်မှာ ပြန်စတွေ့ကြတဲ့ Beer Promotion event တုန်းက အတူတူဆိုခဲ့တဲ့ BAI YUE GUANG
<<>>ဝေါကနဲ ထွက်လာတဲ့ သီချင်းသံကြောင့် မျက်ရည်လွယ်တဲ့ ကျန့်ကောကတော့ Fan တွေရဲ့ ကြိုစားမှု့ကြောင့် ကားပေါ်က ဆင်းကာနီး ငိုနေသေးတယ်...။
ဒီလောကထဲ ထွက်ဖို့တောင် အသင့်ဖြစ်နေမိတဲ့သူက....Grammy ထိ ဆုတက်ယူရမယ်လို မတွေးမိခဲ့သလို...ပြစ်ထားတော့မယ်လို့ တွေးလိုက်မိတဲ့ သူတွေကပဲ..ဒီနေ့အထိ..ဒီနေရာအထိ...ဒီသီချင်းကိုဆိူပြီး လိုက်လာမယ်လို့ရော ဘယ်သူထင်မှာတဲ့လဲ...။
တဘဝလုံးစာ..လုံလောက်နေတဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ထားရသလို...တစ်ဘဝလုံး ဘယ်သံသရာထိ ရောက်အောင် လိုက်နိုင်ကြမလဲမသိနိုင်တဲ့...ဒီလူတွေကိုလည်း...ပိုင်ဆိုင်ထားရကြောင်း သိလိုက်တဲ့အခါမှာတော့...ကျန့်ကောလို လူက မငိုမိပဲ နေမှာတဲ့လား...။