" ဒီဟာက...ဝတ်ပြီးသားလား...မဝတ်ရသေးဘူးလား...ရား....မမှတ်မိတော့ဘူး..."
တစ်ယောက်တည်း ပွစိ ပွစိရေရွတ်ရင်း...ဗီရို အပေါ်ထပ်က...တီရှပ်တစ်ထည်ကို ဆွဲထုတ်လိုက်တယ်။
သေချ ာဆွဲယူတာမဟုတ်တာကြောင့် ...ထပ်ထားတဲ့ င်္အကျီအထပ်လိုက်တွေက..ဝေါကနဲ ပြိုကျလာကုန်ရော...။
ဗီိရို..တံခါးကို ဝုန်းကနဲပိတ်ချလိုက်ခြင်းဖြင့်...ကြမ်းပြင်ပေါ် အကျီတွေ လုံးထွေးကျလာမဲ့..ကိစ္စကို ရပ်တန့်နိုင်လိုက်တာပေါ့။
သက်ပြင်းကို ဟူးကနဲ မှုတ်ထုတ်ရင်း...ခြေထောက်ရှေ့က luggage ကို စိတ်ရှုပ်ရှုပ်နဲ့..ကန်ထုတ်ပြစ်လိုက်တော့....
ကြမ်းပြင်ပေါ် လျောကနဲ ရွှေ့သွားတဲ့ luggage က...ဖရိုဖရဲ ဖြစ်သလိုထောင်ထားတဲ့ အခန်းထောင့်က စကိတ်ဘုတ်ကို သွားတိုက်မိကာ....စကိတ်ဘုတ်က ဝုန်းကနဲ...လဲပြီး..လျောကနဲ ထွက်သွားပြန်တယ်။
ပြီးတော့...ဆက်နေလက်စ lego ရုပ်ကို သွားတိုက်ပြစ်တာမို့....lego တွေရော...ဗူးခွံတွေပါ ဝရုန်းသုန်းကာ...ပြိုကျလာကြပြန်တော့....အခန်းထဲမှာ ရိပေါ်တစ်ယောက်တည်း ကမ္ဘာပျက်နေတော့တယ်။
"အား.....ချီးပဲ....ချီးလိုပဲ။ ဘာဖြစ်နေကြတာလဲလို့.."
ရိပေါ် စိတ်တိုတိုနဲ့ အိပ်ယာပေါ် ...ပြစ်လှဲရင်း....အသံကုန်အော်ချပြစ်တယ်။
Program တစ်ခု ရိုက်ကူးရေးရှိလို့ ပေကျင်းပြန်ရောက်လာတဲ့ ရိပေါ်ဟာ....ဘာတစ်ခုမှ အဆင်ပြေမနေဘူး။
သူ့မှာ personal သုံးတဲ့ အဝတ်တွေ အရမ်းအများကြီး မထားထားပေမဲ့....အကျင့်ကိုက မျက်စိထဲ..တွေသမျှကိုသာ.....ဆွဲလွဲကောက်ဝတ်လိုက်တာမို့.....အကျီတွေအစီစဉ်တကျကို သူမသိဘူး။
Hung Ge ရှိတုန်းက....List လေးနဲ့ သေချာ လုပ်ပေးထားပြီး...ရိုက်ကူးရေး တစ်ခုရှိတိုင်း....အကျီတွေ ထပ်မနေရအောင် စီစဉ်ပေးနေကျ။
အခုက....Hung Ge ကလည်းတာဝန်ယူလိုက်ရတဲ့ Company က ဂျူနီယာကလေးတွေနဲ့...မအားရှာတော့...သူ့ကို လှည့်မကြည့်နိုင်တော့ဘူးလေ။