ညက နှစ်နှစ် ခြိုက် ခြိုက် အိပ်ပျော်ခဲ့သော ရိပေါ်ကဖြင့် ....ဖေါင်းကားနေသောမျက်နှာ/ဆံပင်စုတ်ဖွါးလေးနဲ့....Company ရဲ့..make-up ခန်းထဲ ရောက်ရှိလာတယ်။
ပွဲတက်ဖို့အတွက်...ဝတ်စုံဘာညာ Sponsor ပေးထားတာမို့...company မှာပဲ ပြင်ဆင်ပြီး သွားဖို့ စီစဉ်ထားခဲ့တာ။
ရောက်တာနဲ့...make-up နည်းနည်း on ပြီး ဆံပင်လုပ်နေတဲ့ အချိန်မှ...Hung Ge က ဝင်လာကာ...sandwich ဘူးကို..ရိပေါ် ရှေ့ လာချပေးတယ်။
" ဆောရီး ရိပေါ်။ ငါ့ကား..လမ်းမှာ ဆီပြတ်နေလို့ နာ်းနည်းနောက်ကျသွားတယ်"
"ရပါတယ်။ အဆင်ပြေနေတာပဲကို"
အိပ်ရေးဝဝ နိုးလာတာမို့..ဗိုက်ဆာနေတဲ့ ရိပေါ်က Hung Ge ရဲ့ sandwich တစ်ခုကို ကောက်ယူကာ နှစ်လုတ်ထဲနဲ့ အပြီးသတ်စားတယ်။
"အာ....။ နောက်ကျနေတာနဲ့ မင်းရဲ့ Green Tea တောင် ဝယ်ချိန်မရလို့...ဟို မန်နေဂျာအသစ်ကို အကူညီတောင်းထားတာ...မရောက်သေးဘူးလား.."
Hung Ge က Bodyguard ဖြစ်သူ LeLe Ge ကို မေးငေါ့ကာ မေးတော့ ခေါင်းရမ်းပြတယ်။
"ငါတို့ ရောက်တည်းက ...ဘယ်သူမှ မလာသေးဘူး.....ရိပေါ်...ငါ သွားဝယ်ပေးရမလား"
LeLe Ge အမေးကို ရိပေါ် နှာခေါင်းရှုံ့ကာ ခေါင်းယမ်းပြလိုက်တယ်။
"နေပါစေတော့..။ကျနော့်ကို..ရေနွေးလေး တစ်ခွက်လောက်ပဲ ယူပေး"
ရိပေါ်က အစားချေးများတတ်ပြီး ဇီဇာ ကြောင်တတ်သူ မဟုတ်လို့..ဒီတစ်ခုတော့ အဆင်ပြေတယ်။
ဘယ်လိုနေရာမှာ ဘယ်လိုအနေအထားဖြစ်ဖြစ်...သူ့အတွက်လည်း အဆင်ပြေသလို staff တွေလည်း ဝန်ပေါ့ရတယ်။တခါတလေ ဂျီကျပြီး schedule တွေ လျှော့ခိုင်းတာကလွဲလို့.....ရိပေါ်အနားက လူတိုင်းက..ရိပေါ်ရဲ့ အရှိန်အဝါကြားမှာ အဆင်ပြေမနေတာမျိုးလည်း မရှိကြဘူး။
အားလုံးနဲ့....သဟဇာတဖြစ်အောင် နေထိုင်နေတာ မဟုတ်ပေမဲ့...သူ့ရဲ့ လွတ်လပ်ပွင့်လင်းမှု့ကြောင့်သာ....အဆင်ပြေနေတာမျိုးပေါ့။