" ကောက..ငယ်ငယ်က ..ရုပ်ဆိုးဆိုးလေးနော်.."
"ဘာ..."
အိမ်အပေါ်ထပ် အိပ်ခန်းပြတင်းပေါက်ကို ဖွင့်ထားတာမို့...ကောင်းကင်က လရောင်ဖျဖျက အခန်းထဲ ချင်းနှင်းထိုးဖေါက်နေတယ်...။
ချုံချင်းအိမ်က ရှေးခေတ် သစ်သားအိမ်ကြီးမို့...အပေါ်ထပ်ကနေ ညဘက်ပြတင်းတွေဖွင့်ထားပြီးအပြင်ကို ကြည့်ရင် အရမ်းလှသလို...လေလေးကလည်း..တဖြူးဖြူးမို့...သိပ်ပြီးသာယာလွန်းတယ်...
ကျွန်းကနုတ် ရှေ့ဟောင်း ဆက်တီခုံပေါ်မှာ..ရိပေါ်က...လျော့တိ လျော့ရဲ ထိုင်နေရင်း ထမေးတာမို့...
ရိပေါ် ပေါင်တွေပေါ် ခေါင်းအုံးရင်း phone သုံးနေတဲ့ ရှောင်းကျန့်က မကျေမနပ်..ဘာ..ကနဲ ပြန်မေးတော့ ရိပေါ်က မျက်လုံးတွေပိတ်အောင်..တအေ့အေ့ ရယ်ပြန်တယ်...။
"မဟုတ်လို့လား..။ ကျနော် မှတ်မိတာတော့...မျက်လုံးပြူးပြူး ခေါင်းကြီးကြီးနဲ့..."
"အဲ့ဒီ့ မျက်လုံးပြူးပြူး ခေါင်းကြီးကြီးကိုပဲ..မင်းအခု လင်တော်ထားတယ်လေ..."
"မတူဘူးလေ..။အခုက..တစ်ချက်ပြုံးပြလိုက်ရင်..အသက်တစ်ချက်ထွက်ရလောက်တဲ့...World Wide Handsome Top one ကြီးဖြစ်နေတာကို..."
ရိပေါ်အပြောကြောင့် ရှောင်းကျန့် ရယ်ပဲ ရယ်နေလိုက်တယ်...။
သူ့ကိုယ်သူ..သာမာန်ရုပ်ရည်လို့ သတ်မှတ်ထားပေမဲ့..ဘယ်လိုကနေ ဘယ်လို World Wide Top ten ထဲ ရောက်သွားလည်း သူမသိဘူး...။
အစတည်းက...သူရည်ရွယ်ခဲ့တာ တစ်ခုတည်း...။
ဝမ်ရိပေါ်ဆိုတဲ့...အချေတုံးလေးရဲ့...အသိအမှတ်ပြုကြည့်တာလေး ခံချင်ခဲ့ရုံ...။
အဲ့ဒီ့ထက် ပိုပိုသာသာ ဆိုရရင်...သူ့ရင်အထဲချစ်ခြင်းတရားတွေအတွက် ရိပေါ်ကို နားလည်စေချင်ရုံ...။
ကြီးကြီးမားမား ရည်မှန်းချက်မရှိပေမဲ့...ရောက်လေရာအရပ်မှာ...Fit ဖြစ်အောင် ကြိုးစားခဲ့တဲ့ ရလာဘ်လို့ပဲ သတ်မှတ်ပါတော့တယ်....။
ရိပေါ် ပြောသလို...ငယ်ငယ်က..ခေါင်းကြီးကြီး မျက်လုံးပြူးပြူးနဲ့...ရုပ်ဆိုးဆိုးကောင်းလေးတစ်ယောက်က..ကမ္ဘာ့အချောဆုံးနံပါတ်တွေထဲမှာ..Top one ဖြစ်လာမယ်လို့ ဘယ်သူထင်ပါ့မလဲ...။