"ရိပေါ်...မားမားတို့မင်းကို ချစ်တယ်နော်။ ကောင်းကောင်း အနားယူပါ"
နားထဲဝင်လာတဲ့အသံတွေကို မကြားဟန်ဆောင်ရင်း ကားပေါ်စွေ့ကနဲ ဝင်ထိုင်ကာ...သက်ပြင်းကို ဟူးကနဲ မှုတ်ထုတ်လိုက်မိတယ်။
သူ့ရဲ့..fan တွေကအရူးတွေလား...။
Company ရဲ့ အဆောက်အဦးရှေ့မှာ မနက်သူအလုပ်လာတည်းက ရှိနေကြတဲ့ သူတွေ...အခုချိန် အလုပ်ဆင်းတဲ့အထိ ...ဘာလို့စောင့်နေကြတာလဲ။
ထမင်းရော...သွားစားဖြစ်ကြရဲ့လား...စိတ်ပူမိပေမဲ့......နူးညံ့မှု့တွေ ထုတ်မပြတတ်တဲ့..သူ့အကျင့်အတိုင်း.....အကြာကြီး မတ်တပ်ရပ်စောင့်နေကြတဲ့...အရူးနဲ့တူတဲ့ ဒီfan တွေကို ...မျပ်နှာတည်ကြီးနဲ့ ဥပေက္ခာ ပြုပြစ်လိုက်က်တယ်။
တစ်နေ့ ငါ့ကိုမင်းတို့ စိတ်ပျက်လာတဲ့အခါ...တခြားတစ်ယောက်ကို ပြောင်းပြီး Stan ကြပေါ့။
အဲ့ဒီ့အခါ...မင်းတို့...စိတ်ချမ်းမြေ့ရလိမ့်မယ်။
မင်းတို့လိုချင်တဲ့ အပြုံးချိုချိုတွေ/.နူးညံ့ညင်သာတဲ့စကားတွေ ကြားရလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ခုတော့....ဒီရေလို တရိပ်ရိပ်မြင့်တက်နေတဲ့..fan အင်အားနဲ့....သူဘယ်လိုနေနေ/တုံ့ပြန်မှု ဘယ်လိုရှိရှိ......ပိုပိုပြီး ရူးမိုက်လာကြတဲ့ ဒီဟာလေးတွေကို လက်မြှောက်ထားမိတော့တယ်။
အရှိကို အရှိတိုင်းနေတတ်တဲ့ သူ့အတွက်တော့....စစ်မှန်တဲ့...တစ်ယောက်ပဲ ကျန်နေစေအုံး....သူ့ရဲ့လွတ်လပ်တဲ့ အပြုမူတိုင်းအတွက်...လိပ်ပြာလုံလုံ ကျေနပ်နေလိုက်တော့တယ်။
စစ်မှန်ခြင်းက...အရောင်ကင်းပါတယ်လေ။
အင်း.....။ ကိုယ့်ဘက်က ဘယ်လောက်စစ်မှန်နေပါစေ...အရောင်မကင်းကြတဲ့..လူအချို့တွေလည်း...ရှိနေတာပဲ။
ဒါပေမဲ့....ဒါက...လူ့လောကရဲ့...သဘာဝတွေလို့...ခေါင်းစဉ်တပ် neglect လုပ်ထားလိုက်ရင် ရိပေါ်အတွက်တော့..အဆင်ပြေနေတာချည်းပဲလေ။
" မနက်ဖြန်တက်ရမဲ့ပွဲက...စောတယ်နော် ရိပေါ်။ phone ဆက်နှိုးပေးမှာမိုလို့...silent လုပ်မထားနဲ့အုံး"
".........."
" မင်းရဲ့..မန်နေဂျာလည်း မနက်ဖြန်အလုပ်စဝင်မှာဆိုတော့....နောက်ပိုင်းတွေဆို..အခုလောက်...ကသီကလင် မဖြစ်တော့ပါဘူး...။မဟုတ်ရင်....ငါက...တခြား member တွေရော...မင်းရောနဲ့ သေချာ care လုပ်မပေးနိုင်တာမျိုးဆို...မင်းပင်ပန်းးတယ်။"