2

1.9K 108 6
                                    

ညက မှားပါလာတဲ့ Luggage ကြီးကြောင့် ဘယ်မှမသွားဖြစ်လိုက်တဲ့အပြင် တစ်ညလုံးလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမို့ စိတ်က သိပ်မကြည်။
လူအရမ်းရှုပ်တဲ့ Tour point တွေသွားလို့အဆင်မပြေတာမို့ Hotel နဲ့သိပ်မဝေးတဲ့ Cat Cafeလေးတစ်ခုထဲဝင်လိုက်တယ်။ ကြောင်တွေကို အရမ်းချစ်တဲ့ထဲမပါပေမဲ့ ချော့မြှုပွတ်သပ်လောက်တဲ့ထိတော့ သူရင်းနှီးပြီးသား။
ဆိုင်လေးက သစ်ပင်အုပ်အုပ်လေးတွေနဲ့ အေးဆေးတိတ်ဆိတ်ယုံမက လူလည်း သိပ်များများမရှိတာမို့ Yibo အရွေးမှန်သွားတယ်။
Jasmin GreenTea တစ်ခွက်မှာပြီး မျက်စိရှေ့က မီးခိုးရောင် အမွှေးပွပွ ရုပ်ဆိုးဆိုးကြောင်ကြီးကို ကောက်ချီလိုက်တယ်။
"အိုက်ယား!မင်းကလည်း ကြောင်နဲ့မတူဘူး လေးလိုက်တာ"
"ညောင်.."
Yibo အပြောကို နားလည်သလို ပြန်အော်တာမို့ သဘောတွေ စွတ်ကျကာ ငုံးနမ်းမိတော့
"ညောင် ဝေါင် ဝေါင်"
ကြောင်ကြီးက အနမ်းမခံပဲ သွားဖြဲပြတာကြောင့် Yibo အိကနဲဖြစ်သွားတယ်။

ကဲ။ဝမ်ချေချေတို့ တစ်သက်လုံးချေခဲ့သမျှ ကြောင်နဲ့ကျမှ အချေခံရပြီပေါ့။

ဒါက ဘယ်လောက်နာကျင်ရလဲဆိုတာ နည်းနည်းကိုယ်ချင်းစာမိသလိုလို ဖြစ်သွားတယ်။

"မင်းကကွာ! အရမ်းချေတာပဲ"
"ညောင်"
ကြောင်ကြီးပြောတာ နားမလည်ပေမဲ့ သူပြောသမျှ ကြောင်ကြီးက နားလည်သလိုလိုနဲ့ တညောင်ညောင် ပြန်လုပ်နေတယ်။
မျက်လုံးပြာပြာကြီးကို ကြည့်ရဆိုးအောင် မှုန်ကုပ်ပြီးဆူပုတ်နေတဲ့ ကြောင်ကြီးကို ကြည့်ရင်း ကြည့်ရင်း အသည်းယားလာတာမို့
" အွန့်....kiss me...please အွန့်"
ကြောင်မျက်နှာရှေ့ မျက်ခွက်ကြီးထိုးပေးရင်း အနမ်းလေး တစ်ချက်ရဖို့အရေး
အောက်ကျလိုက်ရတာ။

တစ်သက်လုံး ထိန်းသိမ်းခဲ့သမျှ ဝမ်ချေချေ ဆိုတဲ့နာမည်ကို လူမသိသူမသိ ဖယ်ချလိုက်ရသလိုပဲ။
တကယ်ပါ။ တစ်ချက်လေးတောင် မနမ်းပဲ..မျက်နှာချေကြီးနဲ့ ကြောင်ကြီးက ကြာလာတော့ စိတ်မရှည်တော့တဲ့ပုံစံနဲ့ မြောင် ဆို ထအော်ကာ..ရိပေါ်မျက်နှာကို သူ့လက်ကြီးနဲ့ ဖတ်ကနဲ ရိုက်ချပါတော့တယ်။

"အာ..။အိုက်ယား..ကြည့်စမ်း မင်းက လှတယ်ဆိုပြီး စွားချင်တိုင်းစွာနေတာလား...ဟမ်!"

ချစ်ခြင်းငယ်ပြိုင်🔥Where stories live. Discover now