11

1.1K 75 6
                                    

" လောင်ဝမ် ရယ်.."

ဆေးအရှိန်နဲ့...အိပ်မောကျနေတဲ့ မျက်နှာလုံးလုံးကို ကြည့်ရင်း ရှောင်းကျန့် တီးတိုးရေရွတ်မိတယ်။

ရိပေါ်က မွေးရာပါ နှလုံးအားနည်းတတ်မှန်း သိထားပေမဲ့....အခုလောက်ကြီးထိ အထိတ်တလန့်နဲ့သတိပါလစ်သွားမယ် မထင်ထားခဲ့ဘူး။

ဝရန်တာလက်ရမ်းက သိပ်အမြင့်ကြီးမဟုတ်ပေမဲ့....အရှိန်နဲ့ ပြန်ကျတာမို့ ရိပေါ်ရဲ့ တံတောင်ဆစ်တစ်ဖက်မှာ ပွန်းသွားတယ်။

တခြားထိခိုက်တာ မရှိပေမဲ့...အားနည်းနေတာရယ်...လန့်သွားတဲ့အရှိန်ရယ်နဲ့...စိတ်ငြိမ်ဆေးပေးပြီး အိပ်ခိုင်းထားရတာမို့....ရိပေါ် မနိုးမချင်း ရှောင်းကျန့်က ....ဂနာမငြိမ်နိုင်ဘူး။

နှဖူးလေးစမ်းလိုက်....လက်လေးဆွဲယူလိုက်နဲ့ ...နေမထိထိုင်မသာဖြစ်နေပေမဲ့လည်း...သူလုပ်နေတာတွေက တစ်ခုမှ အသုံးမဝင်တာကိုမေ့နေတဲ့အထိ။

မနက်ဖြန်အတွက် Scheduleတွေကို ...ရွှေ့လို့ရတာတွေ ရွှေ့ပေးဖို့.....စီစဉ်ပေးရင်း....သေချာပြန်စဉ်းစားကြည့်တော့....ရိပေါ်က သူရောက်လာတည်းက...တစ်ခုမှ အဆင်ပြေမနေခဲ့တာပဲ....။

ရွံရှာမုန်းတီးစိတ်တွေနဲ့....ဘယ်လောက်တောင်...စိတ်တွေရှုပ်ထွေးနေခဲ့မလဲ...တွေးကြည့်မိတော့...ရင်ဘတ်ထဲက စစ်ကနဲနာရတယ်။

အဲ့ဒီ့အမှားလေးတစ်ခုတည်းနဲ့....တစ်သက်လုံးမင်းမုန်းတာကို ခံရတော့မှာလား...။

ကျေနပ်အောင်....ဘာတွေလုပ်ပေးရမယ်မှန်းမသိပေမဲ့....ရိပေါ်ကျေနပ်တဲ့အထိ...တောင်းပန်တိုးလျှိုဖို့လည်း မဝံ့ရဲပြန်ဘူး။

ဒီလူသားက....ဘယ်လို့မတန်မရာကို...မျှော်လင့်ရဲမှာမို့လဲ။

ကိုယ့်ကိုယ်ကို ရွံရှာခြင်းတွေကို....အနှစ်နှစ်အလလ..ကိန်းအောင်းနေတဲ့...ရင်ထဲက...လူသားပါဆိုတဲ့အသိနဲ့....ဖြေဆည်ထားလို့ရပေမဲ့....ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက...သူလိုလူအတွက်...ဘာတွေ ခံစားသက်ဝင်နေမှာတဲ့လဲလေ...။

ဖြစ်သင့်ပါတယ်လို့ အခါခါတွေးရင်း......ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ် ရိပေါ်ဘေးမှာ ရှိနေချင်တယ်ဆိုတဲ့..ဆုံးဖြတ်ချက်တွေက ဝေဝါးလားတယ်။

ချစ်ခြင်းငယ်ပြိုင်🔥Where stories live. Discover now