" ဖျားနေတာလား"LeLe ရဲ့ စကားသံကြောင့် ရိပေါ်လှည့်ကြည့်တော့...ကားနောက်ဖုံးထဲ ထည့်နေတဲ့ အဝတ်အိတ်တွေ နားမှာ...ကုပ်ကုပ်လေး ရပ်နေတဲ့ ရှောင်းကျန့်။
မျက်နှာရဲရဲ ၊မျက်ဝန်းနီနီတွေနဲ့...ရှောင်းကျန့်က ခေါင်းမာစွာ ခေါင်းရမ်းပြရင်း
" အဖျားရှိတယ်ဆိုရုံလေး..ကော။ ရတယ်.."
ကားထဲဝင်ကာ စကိတ်ဘုတ်ကို ဘေးခုံပေါ် ပြစ်တင်ရင်း ရိပေါ်မသိမသာနားစွင့်နေပေမဲ့...ဘာစကားမှ ထပ်မကြားရတော့တာမို့....Phone ထုတ်ပြီး ဟိုကြည့် ဒီကြည့် လုပ်နေလိုက်တယ်...။
ဒီနေ့က Cycle racing ရှိတာမို့...ရိပေါ်က ပုံမှန်ထက်ပိုတတက်ကြွနေတယ်။
ပြိုင်ပွဲရှိနေတာမို့.....ဝါသာနာအရကနေ professional racing အထိ...အဲ့ဒီ့ ကွင်းထဲမှာ ပတ်မောင်းရတိုင်း....သူ့ကိုယ်သူ အားရကျေနပ်နေတဲ့ ကောင်လေးပေါ့..။
..Scheduled တွေ ပြည့်ကျပ်နေတဲ့ ကြားက အနားရတဲ့ အချိန် နေ့တစ်ဝက်လေးကို ....training လုပ်၊ ပြီးတာနဲ့ ပြိုင်ပွဲတန်းဝင်ရဖို့အတွက်...ခရီးဆက်နေရလည်း...ပင်ပန်းတယ်လို့ မထင်မိဘူး။ရိပေါ်အတွက်တော့ ကိုယ်စိတ်ဝင်စားရာ ဝါသနာတွေကိုသာ ထိတွေ့နေရမယ်ဆို....အမြဲတမ်း..လန်းဆန်းတက်ကြွနေတာပါပဲ..။
ရိပေါ်ကသာ....တက်ကြွတဲ့ ကြက်ဖ ဖြစ်နေပေမဲ့...သူ့ရဲ့ မန်နေဂျာကတော့...ဒီနေ့ကျမှ ကုပ်ချောင်းချောင်းနဲ့ နေမကောင်းဘူးတဲ့..။
သူနဲ့ မလိုက်ခဲ့ပဲ...ဟိုတယ်မှာပဲ နားနေခဲ့လို့ ပြောချင်ပေမဲ့....ရှောင်းကျန့်မပါပဲလည်း...ရိပေါ်မသွားချင်ပြန်ဘူး။
သူက...ဆိုင်ကယ်ကို ဘယ်လောက်အထိ ကျွမ်းကျွမ်းကျင်ကျင် နဲ့ စမတ်ကျကျ မောင်းနိုင်တဲ့အကြောင်း...ရှောင်းကျန့်ကို ပြချင်သေးတယ်..။
ရှောင်းကျန့်ကမ်းပေးလာတဲ့ ရေဗူးကို ...racing suite နဲ့...စတိုင်ကျကျ လှမ်းယူပြချင်သေးတယ်။
ကလေးအရမ်းဆန်တဲ့ အတွေးတွေမှန်း သိပေမဲ့....ရှောင်းကျန့်တစ်ယောက်တည်းကိုပဲ...သူက အရာရာတိုင်းမှာ cool နေတဲ့ကြောင်း ကြွားလုံးထုတ်ချင်သလို...ရှောင်းကျန့်တစ်ယောက်တည်းကပဲ...သူ့ကို...ချီးကျူးဝေဖန်တာကို လိုချင်တယ်။
ဒါတွေက...ရိပေါ်ရဲ့...အရူးထမှူဆိုရင်...အဲ့ဒီ့ရူးသွပ်ရတဲ့အကြောင်းရင်းတွေ နောက်ကွယ်မှာ ရှောင်းကျန့်က သူ..ကိုးကွယ်ဆည်းကပ်ချင်နေတဲ့ နတ်ဖုရားတစ်ပါး...။