"ဘာ...! ရှောင်းကျန့်က အလုပ်ထွက်သွားတယ်..ချက်ချင်းကြီးလေ.."
Lele ပေးလာတဲ့...ရှောင်းကျန့် သူ့အတွက်ချန်ခဲ့တဲ့ဆိုတဲ့..packing Box လေးကို ကိုင်ရင်း ရိပေါ် အလန့်တကြားထအော်မိတယ်..။
မနက်က ရိုက်ကွင်းမှာဖြစ်သွားတဲ့ ကိစ္စနဲ့...မျက်စိအောက်မှာ ရှိမနေတော့တဲ့ ရှောင်းကျန့်ကို...သတိထားမိပေမဲ့....စိတ်တွေကို လျှော့ထားပြီး အလုပ်ကိုသာာအာရုံပြန်စိုက်ထားခဲ့တာ...။
ငိုထားတဲ့ သူ့မျက်နှာကို ရှောင်းကျန့်ကိုမမြင်စေချင်သလို....အဲ့ဒီ့ခဏမှာလည်း...အားနာစိတ်နဲ့ ပူထူနေခဲ့မိလို့...။
သူကရော ....ဘာလို့ငိုခဲ့တာလဲ...။
တမ်းတမ်းတတ လွမ်းနေရပြီးမှ....တွေ့လိုက်တဲ့ခဏက ...လှပ်ကနဲအပျော်ဆိုတာ....ရိပေါ်အတွက်စာဖွဲ့ပြလို့မှမရနိုင်တာ...။
ပင်ပန်းတာတွေလွှတ်ချခဲ့ပြီး အဲ့ဒီ့ရင်ခွင်နွေးနွေးကို တိုးဝင်ချင်တဲ့ဆန္ဒက....မဖြစ်နိုင်တဲ့ အဲ့ဒီ့ခဏကို ...သည်းမခံနိုင်ခဲ့ဘူး...။
မောက်မာရိုင်းစိုင်းမိခဲ့တာတွေနဲ့.....တနင့်တပိုးအလွမ်းတွေ ရစ်ထုံးကြတဲ့ခဏ.....စိတ်ကိုလွှတ်ပြီး ချည်ချင်တဲ့ကြိုးတစ်စကလည်း သေချာမနေတဲ့အခါ......။
ဒီလူဟာ....သူ့ရဲ့အေးငြိမ်းရာ အရပ်ပါလို့...တစ်ထစ်ချဆုံးဖြတ်ထားချင်စိတ်တွေကို....မျက်စိမှိတ်ဝန်ခံပြစ်ဖို့ရာ....သူအရမ်း...သတ္တိနည်းခဲ့တယ် ထင်တာပါပဲ....။
အလုပ်သိမ်းလို့ ဟိုတယ်ပြန်ရောက်တဲ့အခါကျရင် တော့....ရှောင်းကျန့်ကျေနပ်အောင် တောင်းပန်ဖို့လည်း ဆုံးဖြတ်ထားသလို...ဒီညတော့ ဘာတွေပဲ ဖြစ်ဖြစ်...ဝန်ခံပါရစေတော့လို့လည်း...စိတ်ကို ယတိပြတ် သတ်မှတ်ခဲ့ပြီးမှလေ...။
" ဟုတ်တယ်...။သူခွင့်ယူသွားတည်းက HungGe ဆီ Handover အကုန်လွှဲထားပြီးသားဆိုတော့...Companyကလည်း action ထပ်မယူပဲ Comfirm ပေးလိုက်တယ် ပြောတယ်.."
"လွယ်လား...ဝမ်ရိပေါ်ရဲ့ မန်နေဂျာက..အလုပ်ကိုကလေးကစားသလို ထွက်ချင်တိုင်းထွက်နေရအောင် လွယ်လို့လား..."
"ရိပေါ်...."
"...."
..ကား packing ကနေ ပြေးထွက်သွားတဲ့ ဝမ်ရိပေါ်က... Lele ရဲ့ အော်ခေါ်သံတွေကို လည်း မကြားခဲ့ဘူး..။