"ဒီကို လာတာ ပထမဆုံးလား"
MRT ပေါ်ကဆင်းပြီးတော့....ဗူးသီးကောင်ရဲ့ Hotel က သိပ်မဝေးဘူးဆိုတာနဲ့...လမ်းလျှောက်သွားနေရင်း.....အမှတ်မရှိပဲ ထမေးမိပြန်တယ်။
ဘာတစ်ခုမှ ရေရေရာရာ မဖြေမှန်း သိသိကြီးနဲ့လေ။
"Ommm "
ကိုတေမိရဲ့... မူပိုင်စကားလုံးကြီးကြားတာနဲ့ ...ရှောင်းကျန့် သက်ပြင်းကို အသံအကျယ်ကြီး လုပ်ချရင်း...လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်ကာ...ဘေးက အသားမဲကောင်ကို ဘုကြည့်ကြည့်လိုက်တယ်။
ဒင်းက...လွန်နေပြီမဟုတ်လား။
တစ်နေကုန် လျှောက်သွားခဲ့သမျှမှာ ရှောင်းကျန့်ကသာ....စကားတွေ ပေါက်ပေါက်ဖေါက်အောင် ပြောနေလည်း..ဒီသကောင့်သားအသားမဲက...အင်း..တစ်လုံးကိုတောင် စိတ်မပါ လက်မပါ reply လုပ်နေတာ မဟုတ်ဘူးလား။
အဖေါ်လိုချင်လွန်းလို့ အောင့်အီးသည်းခံခဲ့သမျှ....ညစာစားပြီး မူးသွားရင်တော့...လေပေါလာလောက်ပါရဲ့လို့ မျှော်လင့်ခဲ့တာတွေလည်း...အလကားပါပဲ။
သူသာ....ဝိုင်လေးနှစ်ခွက်သောက်ပြီး....လမ်းကိုသိုင်းကွက်နင်းလျှောက်ချင်နေတာ။မူးနေတဲ့..ရှောင်းကျန့်ဟာ.....တစ်နေကုန်...မျက်နှာပုတ်ကြီးနဲ့...တေမိဇာတ်ကနေတဲ့....ဒီအသားမဲကောင်ကို...ပညာတွေ ပြပြစ်မယ်လို့လည်း...တွေးလိုက်သေးတယ်။
ဘာပညာတွေ ပြရမလဲတွေးကြည့်တော့....အသားမဲကောင်ရဲ့ မျက်နှာကသာ....လေရဟတ်တွေလို ချာလည်လည်နေတာမို့...အဲ့ဒီ့အတွေးကို..cut off လုပ်လိုက်ရတယ်။
ပြရမဲ့..ပညာတော့...တွေးမရပေမဲ့...ရှောင်းကျန့်ရဲ့ ခေါင်းတွေ ချာချာလည်လာကာ...ဒီနားတင် ထိုးအိပ်ပြစ်ချင်လာတာပဲ သိလိုက်ရတယ်။
ပညာမပြလိုက်ရပဲ....ခေါင်းမူးပြီးသေသွားမှာလည်း...စိုးရသေးတယ်။
ရှောင်းကျန့် နေတဲ့ Hotel ကနေ အသားမဲ ဗူးသီးကောင်ရဲ့..အိတ်ကို ယူပြီးလို့.....အခု ရှောင်းကျန့်က....ဒင်းရဲ့ Hotel မှာ ကိုယ့်အိတ်လိုက်ပြန်ယူရတာလေ။
သောက်လုပ်တွေကို ရှုပ်နေတာပဲ။တစ်နေကုန် လျှောက်သွား လျှောက်းစားသမျှလည်း...ဒကာခံလိုက်ရလို့...ပိုက်ဆံတွေလည်း ကုန်သွားပြီ။