22

986 60 9
                                    

"အဲ့ဒါကြောင့်..မင်းကို ခဏ ခဏပြောတယ်။ ဒီကောင်လေးနဲ့ ထပ်ပြီး ပတ်ပတ်သက်သက်တွေ မလုပ်နဲ့တော့ဆို...ငါက ဝမ်ရိပေါ်ကို မနာလို့လို့ပြောတယ် ဖြစ်အုံးမယ်...."

" တကယ်လည်းမနာလိုဘူးလေ.."

စားပွဲစွန်းလက်တွေတင်ကာ...အဲ့ဒီ့လက်တွေပေါ်မျက်နှာမှောက်ပြီး..ငြိမ်သက်နေတဲ့ ရှောင်းကျန့်က..ရှီဖင်းကို ပြန်ခံပြောဖို့တော့...သတိတရရှိသေးတယ်..။

"ရှောင်းကျန့်ရား....။ငါမင်းအတွက်ပြောနေတာ သိလား..မင်းက အခုမှ နာမည်ရကာစ...ဒါကို ဘာမှမဆိုင်တဲ့ ငါနဲ့မင်းကိစ္စတွေအထိ အစဆွဲထုတ်နေကြတာ...အခု ထိခိုက်တာ ဘယ်သူလဲ..."

ရှောင့်ကျန့်က ပြောစရာမရှိစွာ..ပြန်ပြီးတိတ်ဆိတ်နေမိတယ်...။

ကိုယ်တွေအတွေးမှာ ဘာမှမဆိုင်ဘူးဆိုပေမဲ့....မကျေနပ်ကြတဲ့ သူတွေခေါင်းထဲမှာတော့ သူ့က်ုဆွဲချနိုင်ဖို့ဘယ်လိုနည်းလမ်းဖြစ်ဖြစ် အသုံးချကြမှာပဲကို....။

" မပေးနိုင်ဘူး" ဆိုတဲ့အသံတွေနဲ့...တန်လို့လား...ဆ်ုတဲ့ စကားလုံးတွေအတွက်တော့...ရှောင်းကျန့်က အပိုဆောင်းပြီးနာကျင်မနေတော့ပါဘူး...။

ဝမ်ရိပေါ်နဲ့..သူက မဖြစ်သင့်ဘူးဆိုတာထက် မတန်မရာပါဆိုတာကို ဘယ်သူမှ မပြောလဲ ကိုယ့်ဘာသာ သိနှင့်ခဲ့ပြီးပြီမို့လေ..။

Fan တွေဆိုတာ..ကိုယ့်လူကိုယ်...ချစ်ကြတာချင်း အတူတူမို့...ဘယ်သူကမှ မှားမနေကြတာကို သူနားလည်ပေးနိုင်ပေမဲ့....

ဒီကောင်လေးနဲ့ ပတ်သက်တိုင်း...မျက်နှာလွှဲမထားနိုင်သေးတဲ့ကိုယ့်စိတ်ကိုပဲ စိတ်ပျက်မိတယ်...။

ဆုံးဖြတ်ချက်တွေ တစ်သီကြီးနဲ့....ဒီလောကထဲ ခြေစုံပြစ်ဝင်ခဲ့မိတာ....ဘယ်လိုအတွေးတွေမှန်း နားမလည်နိုင်တော့ဘူး...။

အရင်လို...ဘယ်သူမှ မသိတဲ့ သာမန်လူတစ်​ယောက်အနေနဲ့...အဲ့ဒီ့သိမ်ငယ်ခြင်းတွေကြားမှာ..လှုပ်ခုန်ရတဲ့...ရင်ခုန်သံတွေကိုပဲ ပြန်ပြီး တမ်းတမိတဲ့အခါမှာတော့....အရာအားလုံးက...ရပ်တန့်ဖို့ မတတ်နိုင်တဲ့ အခြေနေတွေနဲ့တဲ့...။

" Sean နဲ့..သူ့ရဲ့ Agency CEO တို့ရပ် ပတ်သက်မှုက ဘာလဲ.." ဆိုတဲ့..# trending က...အဲ့ဒီ့ပြဿနာတွေနောက်မှာ ကပ်ပါလာခဲ့တာ...။

ချစ်ခြင်းငယ်ပြိုင်🔥Where stories live. Discover now