25

931 53 4
                                    

Party အဖွင့်ပြီးတာနဲ့ ...Night life ပုံစံပြောင်းသွားတဲ့ lighting တွေကို ....ဘာရယ်မဟုတ် လိုက်မော့ကြည့်နေတဲ့...ရှောင်းကျန့်ကို..ရိပေါ်က..ဘေးကနေ..မျက်တောင်မခတ် ငမ်း...အဲလေ...စိုက်ကြည့်တယ်..။

စားပွဲဝိုင်းအောက်က လက်တစ်ဖက်ကို table skirt နဲ့ ကွယ်ရင်း...ဆုပ်ကိုင်လာတာမို့....ရှောင်းကျန့်အလန့်တကြား လှည့်ကြည့်မိတော့...ရိပေါ်က သူမဟုတ်သလို ဝိုင်ခွက်ကို ကောက်မော့နေသေးတာ..။

" ကျန့်ကောက...မနက် ဘယ်အချိန်ထွက်ရမှာလဲ...။ကျနော်က နေ့လည် သုံးနာရီထွက်မှာ.."

ရိပေါ်ဘေးက ယွီဘင်းက...ထမေးလာတာမို့

"ဟင်...။အာ.....ကောက ညနေ..မှ.."

GUCCI ရဲ့...Fashion Week အတွက်...ရှောင်းကျန့်ကို ဖိတ်ထားတာမို့ သူမနက်ဖြန် ညနေ..Flight နဲ့ Italy ကို သွားစရာရှိတယ်...။

ယွီဘင်းရော...အဖိတ်ခံထားရတာမို့....သွားရမဲ့ ခရီးစဉ်က..တူနေပေမဲ့...Privacy Security အရ Flight Way တွေကတော့ တူမနေဘူး.ထင်တာပဲ..။

ဘာပဲဖြစ်ဖြစ်...ယွီဘင်းနဲ့ အတူမသွားရပေမဲ့...ဟိုရောက်ရင်တော့..ပွဲမှာ အတူရှိနေကြမှာမို့ တော်သေးတယ်..။

အဲ့ဒီ့လောက်ထိ...သူ့ကိုယ်သူ အောင်မြင်နေတယ်လို့...မထင်မိပေမဲ့....ရောက်ရာ ပေါက်ရာ အရပ်ဒေသတစ်ခုက...စိတ်ကျေနပ်ဖို့ကောင်းသလို...တာဝန်ကလည်း ကြီးသေးတာမို့...ပျော်နေတာမျိုးမဟုတ်ပေမဲ့....Italy ခရီးစဉ်ကို စိတ်လှုပ်ရှားနေမိတာတော့ အမှန်..။

ဒီကြားထဲ...ကိုယ်စီအလုပ်တွေနဲ့ချည်းမို့...ရိပေါ်နဲ့သူမတွေ့ဖြစ်တာလည်း..တစ်ပတ်လောက်ရှိပြီ..။

အခု ရိပေါ်က ..ခဏလောက် အနားရပြန်တော့...ရှောင်းကျန့်က...ခရီးဆက်ရအုံးမှာဆိုတော့...သူ့ရဲ့ အကောက်ပေါက်လေးကတော့...အလွမ်းတွေနဲ့...ဂျီတွေ တိုက်အုံးမယ် ထင်ပါတယ်...။

အခုပဲကြည့်လေ...။

Entertainment လောကထဲက..နာမည်ကြီးProducer တစ်ယောက်ရဲ့...Birthday Party မို့...မဖြစ်မနေ တက်လာရတဲ့ ပွဲမှာ....ရိပေါ်က...တခြားသူတွေကို မျက်စိထဲ ထည့်နေရတာ အဆင်ပြေနေပုံမပေါ်ဘူး...။

တစ်ပတ်လောက် လူချင်းမတွေ့ထားရပဲ...Party ရောက်မှ ဆုံကြရတာမို့....ရိပေါ်အတွက်တော့...သည်းမခံချင်စရာ..အခိုက်အတန့်တွေဆိုတာ.....။

ချစ်ခြင်းငယ်ပြိုင်🔥Where stories live. Discover now