the end

1K 37 4
                                    

Screen ပေါ်မှာ ဝှီးကနဲ ....ဝှီးကနဲ ဖြတ်နေတဲ့ ...ဆိုင်ကယ်တွေကိုကြည့်ရင်း...ရှောင်းကျန့် မေးရိုးကြီး ထောင်နေအောင် အံကျိတ်ထားမိတယ်...။

"ဝမ်ရိပေါ်..မင်းငါနဲ့ တွေ့ကြသေးတာပေါ့.."

"ကောသာ..ဒါတွေ အကုန်စားရင် ..Training test လေးပဲ လုပ်မယ်.." လို့ကတိတွေပေးသွားတာက ဘယ်သူလဲ...။

ပြိုင်ပွဲဝင်မယ်ပြောလည်း...ဒါက ရိပေါ်ရဲ့ ဝါသနာမို့..သူက ထပ်ပြီး တားဆီးနေမှာလည်းမဟုတ်ပါဘူး။

အဲ့ဒီတုန်းက ဝင်မပြိုင်စေချင်ခဲ့တာကလည်း..ရိုက်ကူးရေးတွေရော...event တွေအပြင်...နိုင်ငံ့ဂုဏ်ဆောသ် ပွဲအချို့ပါ..ရှိနေတာမို့ ရိပေါ်ပင်ပန်းမှာ စိုးရိမ်မိတာ တစ်ခုတည်း..။
ပြီးတော့ လုံလောက်တဲ့ လေ့ကျင့်ချိန်မရှိတာမိုလို့...ထိခိုက်မှာကို စိုးရိမ်းမိလို့..။

ရှောင်းကျန့်တင်မဟုတ်ဘူး..။

ဝမ်ရိပေါ်ရဲ့ အစိမ်းရောင်ရပ်ကွက်တစ်ခုလုံးက ဒီကိစ္စကို စိတ်ပူလို့ ..ပြိုင်ပွဲမဝင်ရင်ကောင်းမယ်ဆိုတာမျိုးတွေချည်း...။

ခုတော့ ကြည့်စမ်း...။

သူ့ရှေ့မှာတော့ ပြိုင်ပွဲမဝင်ပါဘူး...ကတိတွေပေးသွားသလို.....ပြိုင်ပွဲအတွက် ထွက်သမျှ Rumors တွေကို ငြင်းချက်ထုတ်နေခဲ့တဲ့ ဝမ်ရိပေါ်က....ပြိုင်ကွင်းမှာ..ဘွားကနဲ ပေါ်ချလာတာက...ရှောင်းကျန့်က ..အဲ့ဒီ့လောက်..တုံးအညံ့ဖျင်းပြီး စိတ်ထဲ ထည့်စရာမလိုတဲ့ လူဖြစ်နေခဲ့တာလား..။

ပိုပြီး..ခံရခက်တာက...ပွဲညကြီး ပေကျင်းထိ...ညစာလာကျွေးတယ်ဆိုတာ..တကယ်တော့...ပြိုင်ကွင်းမှာ..လေ့ကျင့်ရေး လာဆင်းတာတဲ့လား...။

Private jet ကြီးခေါ်ပြီး ရောက်ချလာတာက...ရှောင်းကျန့်အစားမစားလို့ စိတ်ပူလို့ ရောက်လာတယ်ထင်ပြီး..ဒီငအက feel တွေ စွတ်တက်ခဲ့တာလေ..။

ခုတော့ စောက်ရူးကြီး လုံးလုံးဖြစ်ရောတဲ့လား...။

ကွေ့လိုက် ဝိုက်လိုက်နဲ့...အသည်းယားစရာကောင်းကောင်..ဖြတ်မောင်းနေတဲ့ ဆိုင်ကယ်အစိမ်းရောင်လေးကို အသေအချာ အမိအရ လိုက်ကြည့်ရင်း...ဒေါသနဲ့ ...စိုးရိမ်စိတ်တွေက...ရောထွေးနေတယ်...။

ချစ်ခြင်းငယ်ပြိုင်🔥Where stories live. Discover now