လမ်းမှာ မီးပွိုင့်မိနေတုန်း ...လမ်းဘေးက Billboard တွေကို အဓိပ္ပါယ်မဲ့ မော့်ကြည့်နေတဲ့..ရိပေါ်က...
" Sean is coming back" ဆိုတဲ့စာသားနဲ့....Graphic Line တွေကြားမှာ ခပ်ဝါးဝါး လုပ်ထားတဲ့ မထင်မရှားပုံရိပ်ပါနေတဲ့...အနီရောင် Board ကြီးကို အတွေ့...ခန္ဓာကိုယ်ကတောင့်တက်သွားတယ်...။
Weibo Hotsearch ကို သူနဲ့ အပြိုင်ယူခဲ့နိုင်တာမို့..မနာလိုစိတ်ဖြစ်တာ မဟုတ်ပေမဲ့.ဒီလူ ပြန်လာပြီလားဆိုတဲ့ အတွေးက...အံ့ဩတကြီးဖြစ်လို့ပေါ့.။
...သီချင်းထွက်ပြီးနောက်ပိုင်း...သူနဲ့အပြိုင် Hit ဖြစ်ခဲ့ဖူးတဲ့ အဲ့ဒီ့အဆိုတော် တစ်ယောက်ကို..သူကိုယ်တိုင်လည်း....သဘောကျခဲ့ဖူးတာ မဟုတ်လား...။
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ စပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တဲ့...Sean က ..ဒီလောကကနေအပြီးပဲ ထွက်သွားသလိုလိုနဲ့..ဘယ်သူမှ သေချာမသိလိုက်ခင်ပဲ ပျောက်နေခဲ့တာ ကြာခဲ့ပြီကို...။
Board ပေါ်က...Event date က...ဒီနေ့ဖြစ်ပြီး...ရိပေါ်လည်း Brand တစ်ခုရဲ့ Fan meeting ရှိနေတာမို့..သူစိတ်နည်းနည်း ပျက်သွားတယ်...။
" ဟယ်လို..ကျနော်က Sean ပါ.." ဆိုတဲ့...active မဖြစ်တော့တာ ကြာနေပြီဖြစ်တဲ့..အဲ့ဒီ့လူရဲ့ Gp chat ထဲက အသံချိုချိုကို ပြန်ကြားယောင်မိတော့...Sean ဆိုတဲ့လူကို...မတရားတွေ တွေ့ချင်မိပြန်တယ်..။
ရိပေါ်ကိုယ်တိုင်က..Rapping သမားမို့..အသံပိုင်းနဲ့ပတ်သတ်ရင်..ကိုယ့်ဘာသာ..အားမရခဲ့ဖူးတာချည်းပဲ..။
အဲ့ဒီ့လို...ဘာကဆွဲဆောင်နေမှန်းမသိတဲ့...အသံပိုင်ရှင်မျိုးတွေကို ရိပေါ်အားလည်းကျမိတာမို့...ဒီလူရဲ့အသံကလည်း...ရိပေါ် သဘောကျတဲ့အထဲပါနေတယ်..။
ပြီးတော့...စပြီး ပေါ်လာတည်းက...ရုပ်ကိုမပြပဲ..ပဟေဠိပေါင်းများစွာနဲ့..လူမို့ ပိုပြီး စိတ်ဝင်စားတာလည်း...ပါတယ်..။
First Event မှာ မတွေ့ရလည်း...ဒီလောကထဲ ပြန်ဝင်လာခဲ့ပြီမို့...တစ်နေ့နေ့တော့ ကြိမ်းသေပေါက် ဆုံဖြစ်မှာပါလိုသာ စိတ်ကို ဖြေရင်း...HungGe ပေးထားတဲ....Event plan ကို ဖတ်နေလိုက်တယ်...။
" ဘာတုန်း..ဒီလူက စည်းကျော်လိုက်တာ.."
Ph ပြောအပြီး ရေရွတ်လာတဲ့..HungGe ကြောင့်....ရိပေါ် လှည့်ကြည့်လိုက်တယ်..။