ဖျက်ကနဲ မျက်လုံးပွင့်လာတာနဲ့...ရင်ခွယ်ကျယ်တစ်ခုထဲမှာ ခပ်တင်းတင်းအဖက်ခံထားရတာမို့...ရှောင်းကျန့် သဘောတကျ ပြုံးလိုက်မိတယ်....။
ချစ်ခင်သဘောကျရတဲ့...လူတစ်ယောက်ရဲ့ရင်ခွင်ထဲက နိုးထရတဲ့ မနက်ခင်းလေးက...ဒီလောက်တောင် ပြည့်စုံစေတယ်တဲ့လား....။
လိုက်ကာကြားမှ တိုးဝင်နေတဲ့ နေရောင်ဖျော့ဖျော့အောက်က...အိပ်မောကျနေသေးတဲ့..ကောင်လေးရဲ့...မေးရိုးအဖျားလေးတွေကို မော့ကြည့်ရင်း..ခပ်ဖွဖွလှမ်းနမ်းတော့...
"...."
ကောင်လေးက အင်းအင်းအဲအဲ အသံတွေပြုရင်း....ခုနကထက်ပိုတိုးပြီး ဖက်တယ်...။
"နိုးသွားတာလား..."
" ကျန့်ကောက..ကျနော့်ကို ခိုးနမ်းနေတာကို..မနိုးပဲနေမလား.."
"...ခိုးနမ်းတာ မဟုတ်ပါဘူး....ငါက..ငါကဒီအတိုင်းသဘောကျလို့..."
ရှောင်းကျန့်နှဖူးထက်မှာ..ခပ်နွေးနွေးအနမ်းတစ်ခုရောက်လာတယ်...။
" သဘောကျလိုက်တာ..။ ကျနော်တို့ နေ့တိုင်းဒီလိုအတူရှိခွင့်ရရင်..သိပ်ကောင်းမှာပဲ..."
အိပ်ချင်မူးတူးနဲ့...ပြောလာတဲ့...စကားကို..ရှောင်းကျန့်လည်း ထောက်ခံတာမို့...ခေါင်းညှိတ်ေ ထာက်ခံရင်း...
" မင်းက ဒီလောက်အလုပ်များတာ...ဘယ်လိုလုပ်နေ့တိုင်းရှိနိုင်မှာလဲ..."
" ဒါပေမဲ့...ကျန့်ကောက ကျနော်သွားလေရာ လိုက်ခဲ့ရင် ရတာပဲကို..."
" ရအုံးမယ်...အားကြီး..။ ငါက အလုပ်မလုပ်ရတော့ဘူးလား...မင်းသွားလေရာ လိုက်ပေးရအောင်..။ပြီးရင်...မင်း Fan တွေကို ဘယ်လို လုပ်မလဲ...ငါ့ကို ချောင်းရိုက်မှဖြင့်...."
"ကျန့်ကော Fan တွေကျတော့ရော...။သူတိုက ချောင်းရိုက်မှာ မဟုတ်ဘူး...ပေါ်တင်လာဖြဲမဲ့ဟာတွေ..."
ပြောရင်း..ကြောက်သလို ပခုံးတွန့်ပြနေတဲ့...ရိပေါ်ရဲ့ ရင်ဘက်က...ပန်းရောင်သမ်းနေတဲ့...နို့သီးတဝိုက်ကို အားကြီးနဲ့..ကုန်းကိုက်ပြစ်တယ်...။