ဘယ်လောက်တောင် အိပ်ပျော်နေမှန်းမသိပဲ..'ရိပေါ် အိပ်ယာနိုးတော့...နေ့လည်သုံးနာရီ။
"...."လက်နဲ့ထောက်မိထားတဲ့အရာလေးကို ကောက်ယူကြည့်တော့ ..မျက်မှန်ကိုင်းတစ်ဖက်။
အတွေးထဲမှာ မျက်မှန်ဝိုင်းလေး တဝင့်ဝင့်နဲ့....မျက်ဝန်းပြူးပြူးလေးတွေကို မြင်ယောင်မိတော့...အိပ်ယာပေါ်ကနေ ဝုန်းကနဲ ကုန်းထမိတယ်။
စောင်အောက်က အဝတ်မဲ့နေတဲ့..ကိုယ့်ကိုယ်ကို သတိထားမိတဲ့နောက်...တရေးရေးပြန်မှတ်မိလာတဲ့ပုံရိပ်တွေကြားမှာ သူရူးချင်သွားတယ်။
"တောက်"
ခပ်ပြင်းပြင်းတောက်ခေါက်သံက...ဘာကိုမှ ပြန်ပြင်ဆင်လို့မရတော့ဘူးဆိုတာ သူသိတယ်။
ဒါပေမဲ့...
ခွေးကျကျရမဲ့...ထောင်ချောက်တစ်ခုကိုတော့ ထိထိမိမိကြီး နင်းခဲ့မိပြီ မဟုတ်လား။
သတိအကြီးကြီး ထားနေတဲ့ကြားက....ဖြစ်ပျက်သွားရတဲ့..အခြေနေတစ်ခုကို..မဟုတ်ဘူးလို့ ငြင်းပြစ်ချင်လိုက်တာ။
အိပ်မက်တွေပါဆိုပြီး...ခေါင်းထဲက ထုတ်ပြစ်ချင်လိုက်တာ။
ခုချိန်ထိ ရနေသေးတဲ့ Sakura ပန်းနံ့သင်းနေတဲ့ ရေမွှေးနံ့က..သူ့ခန္ဓာတစ်ခုလုံး စွဲထင်နေတာကြီးက.....သိပ်ပြီး...အိပ်မက်ဆန်မနေတော့ဘူး။
ရှည်ရှည်ပေါက်ပေါက် အပြင်ပြန်ထွက်မိတာက သူကိုယ်တိုင်ကို...ဘယ်လို နည်းနဲ့..နရင်းပရင်းတွေ ပြန်ရိုက်ရမလဲ....တွေးမိတဲ့အထိ။
ဒီလူရဲ့..မသိနိုးနားမျက်ဝန်းတွေအောက်မှာ သူဒီလောက်ကြီး...ရုပ်ပျက်ဆင်းပျက်ဖြစ်ပျက်ဖြစ်ခဲ့မိတာကို ဒေါသထွက်လို့မဆုံးချင်တော့ဘူး။
မူးမူးရူးရူးနဲ့...ရှောင်းကျန့်မှာထားတာဆိုတဲ့ အရက်ခွက်ကို ကောက်သောက်ပြီး တစ်ကိုယ်လုံး ပူလာတာကို သိတဲ့နောက် ဆေးခပ်ခံလိုက်ရပြီဆိုတာကို သိလိုက်တယ်။
ဘယ်သူက ဘာအတွက်လုက်တာလဲဆိုတဲ့....အဖြေဆိုတာတွေထက်...
သွေးသားတွေ ဆူပွက်မလာခင်...ဟိုတယ်ကို ရအောင်ပြန်ဖို့ ဆုံးဖြတ်ကာ...ရှောင်းကျန့်ကို အိပ်ချင်ပြီ ပြန်မယ်ဆိုပြီး ဝရုန်းသုန်းကားကြီး ထပြန်လာမိတာကိုက မှားတာပဲလား။