" ပန်းရော...ပန်းခြင်း..ဆာကူရာ ပန်းခြင်း ဒီကိုယူလာပေးပါ...materials team...ခုထိ ပန်းမရသေးဘူးလား"
ရိပေါ်ရော...မင်းသမီးပါ အဆင်သင့်နေရာယူပြီးတာနဲ့ Director က Speaker ကိုင်ကာ အော်ပြောလိုက်တယ်။
နဖူးထက် ဝဲကျနေတဲ့..ဆံနွယ်တချို့ကို ခပ်ဖွဖွ သိမ်းရင်း....မနက်စောစော နေရောင်အောက်မှာ....ရှေးခေတ်ဝတ်စုံနဲ့...ဝမ်ရိပေါ်က...ခန့်ညားလို့ပေါ့။ရှေ့ခေတ်ကားတို့ရဲ့ ထုံးစံအတိုင်း....သိုင်းချရတဲ့ scence တွေများပေမဲ့....ဒီနေ့ကတော့....ရှားရှားပါးပါး မင်းသမီးနဲ့ ရို ရမဲ့ အခန်းတဲ့။
ရိပေါ်နဲ့ တွဲရတဲ့....မင်းသမီးလော့ယွယ်ကျဲကျဲက စီနီယာအများကြီး ကျသလို...ရိပေါ်အပေါ်လည်း...ကလေးတစ်ဦးလိုသာ ဆက်ဆံတတ်တာမို့....ရိုက်ကူးရေးအတွင်းတော့ တော်တော်လေး အဆင်ပြေရတယ်။
တစ်ခုပဲ။
အဲ့ဒီ့ကလန်ကလားနဲ့....မန်နေဂျာအသစ်ပါလာတဲ့....ဒီနေ့အတွက်တော့ ရိပေါ်ရဲ့ စိတ်ကို အတော်လေး...ကန့်လန့်တိုက်နေတာ တစ်ခုပဲ။
အပြုံးချိုချိုလေးတွေနဲ့......ယဉ်ကျေးလွန်းတယ်ဆိုပြီး....ခဏအတွင်း shooting မှာ ရှိသမျှ လူတိုင်းက...ချီးမွမ်းလာကြတော့....အဲ့ဒီ့ကြောက်စရာကောင်းတဲ့ အပြုံးချိုချိုတွေအကြောင်း သိခဲ့ ခံခဲ့ရဖူးတဲ့ ရိပေါ်က ကျိတ်ရယ်တာပေါ့။
ရိပေါ်ရဲ့...personal manager ဆိုပြီး....ရိုက်ကွင်းတစ်ခုလုံး နီးရာစပ်ရာ ကူလုပ်ပေးနေတတ်လို့...Director ကြီးတောင် သတိထားမိနေပြီတဲ့လေ။
ခုလည်း ကြည့်စမ်း။
Camera men တွေ...lighting board တွေကြားထဲကနေ ပန်းခြင်းကို ကိုင်ပြီး ပြေးလာနေတာ ဝမ်ရိပေါ်ရဲ့...မန်နေဂျာရှောင်း...ဟုတ်ပါလေစ။