episode 38

489 29 0
                                    

"Bye bye ပါးပါး "

KG တက်နေတဲ့ သား၂ယောက်ကို ကျောင်းရှေ့ထိလိုက်ပို့နေခြင်းပင်။ အဖြူအစိမ်း ဝတ်စုံလေးက ကလေး၂ယောက်ခန္ဓာကိုယ်ပေါ်မှာ လိုက်ဖက်စွာ ။ ကျောပိုးအိတ်သေးသေးလေးကိုလွယ်ကာ ထမင်းဘူးလေးကိုင်ကာ ကျောင်းထဲ ဝင်သွားတဲ့ ကလေး ၂ယောက်ကို ကြည့်ရင်း အလင်း ရင်ထဲကြည်နူးမှုနဲ့အတူပီတိဖြာနေမိတယ်။

"ပြီးရင်း သွားစို့ "

မဟာက အလင်းကို ပခုံးကနေ ဖက်ထားရင်း သတိပေးလိုက်တယ်။

"အင်း "

"ကလေးတွေတောင် ကျောင်းတက်နေရပြီ ကိုယ်တို့လည်း လက်ထပ်ရအောင် "

မဟာ အလေးအနက်တောင်းဆိုမိတယ်။ ကလေးတွေနဲ့ အသက်နဲ့အမျှ သူချစ်နေခဲ့ရသည်ကလည်း ကြာလာပြီ။ တစ်အိမ်ထဲနေတယ်ဆိုပေမဲ့ သူ့ဖက်ကနေ သစ္စာစောင့်ထိန်းခဲ့သည်။ ကလေး ၂ယောက်ကိုလည်း အဖေတစ်ယောက်ကဲ့သို့ မေတ္တာအပြည့်ပေးနိုင်ဖို့ ကြိုးစားခဲ့သည်။ သို့ပေမဲ့ တရားဝင်လက်ထပ်ပိုင်ဆိုင်ချင်သည်။

"အလင်း စဥ်းစားပါရစေဦး "

"အင်းပါ အလောတကြီး လုပ်ရမှာလည်း မဟုတ်ပါဘူး အလင်း ခေါင်းရှုပ်မခံနဲ့နော် ကိုယ်က မင်းကို တရားဝင်ဖြစ်ချင်လို့ပါ"

"အင်း အလင်း စဥ်းစားပါဦးမယ် အခု သွားရအောင် "

At company,

အလင်း ဒီနေ့ တစ်နေကုန် စိတ်ထဲ ထင့်နေသည်။ အလုပ်လုပ်ရင်း လေးလံနေသလို။

"အလင်း နေမကောင်းဘူးလား "

အလင်းရဲ့ အလုပ်စားပွဲပေါ်  ဓာတ်ဆားရည်ဘူးလေး တင်ပေးရင်း မဟာမေးလိုက်သည်။

"ကောင်းပါတယ် စိတ်ထဲ ထင့်နေလို့ "

အလင်း နဲ့ အလုပ်စားပွဲရှေ့က ထိုင်ခုံပေါ်ထိုင်ရင်း အလင်းရဲ့ နားထင်ကို နှိပ်ပေးနေလိုက်တယ်။

"နားလိုက်ပါလား ခနလောက်ပဲ ဖြစ်ဖြစ် အိပ်လိုက် "

"ရပါတယ် အခုတလော concertတွေ အရမ်းများလာတယ်လေ အလုပ်တွေ ရှုပ်နေတာ နားလို့ မဖြစ်ပါဘူး "

"အလုပ်သရဲလေး "

နဖူးကို ဖွဖွတောက်ရင်း ဆိုလိုက်သည်။ ဆိုဖာပေါ် ထိုင်ရင်း အလင်းကို ခေါ်လိုက်သည်။

FANCY U                                   Where stories live. Discover now