episode 16

676 41 1
                                    

ထူးတို့၃ယောက်က လိုအပ်တဲ့Projectအတွက် meetingပြီးလို့ ပြန်ထွက်လာတယ်။

ထူး "ဟေ့ ခွန်တာ "

ခွန် "အေး မင်းတို့အတန်းပြီးပြီလား "

နွေ"အေး အဆောင်ပြန်ရအောင်  ညနေကျရင် pizza မှာစားမလို့ ပိုက်ဆံထည့်"

ကာရံ"ညနေကျမှ လာမယ် အခု ကိုစစ် အဲမှားလို့ စစ်ခွန်မှူး စောင့်နေတယ်"

ခွန်"အေးပါကွာ သာယာနေကြတယ်ပေါ့ ဘယ်လို မင်းဘဲက "

ကာရံ "ငါ့ကိုတော့ချစ်ရှာသားပဲ  အခုတောင် သူနဲ့ချိန်းထားတာ သူတို့မပြီးသေးလို့"

နွေ"အမလေး ရှက်နေတယ်ပေါ့"

ကာရံ"မင်းတို့ကလည်းကွာ"

ခွန်တာ "စစ်ခွန်မှူးက ခင်ဖို့တော့ကောင်းသား ဟျောင့် ကျော်ကြီး မင်းကဘာလို့တိတ်နေတာလဲ"

ထူး"ငါက ဘာပြောရမှာလဲ"

နွေ"မင်းတို့၂ယောက်ရော အရင်ဆုံး ရည်းစားရတဲ့ကောင်က တိတ်နေလိုက်တာ ဘာလဲ မင်းဘဲကြီးပြောထားလို့လား"

ထူး"သွားသေလေ အဲလဒအကြောင်းက ဘာပြောစရာရှိလို့လဲ"

---

"ငါတို့ကျောင်းမှာလေ သိလား အခြောက်လိုလိုဘာလိုလိုတေ ရှိတယ် သိလား"

"ဟုတ်လား ပြောစမ်းပါဦး"

"အေးလေ တစ်ယောက်ထဲတောင် မဟုတ်ဘူး အဖွဲ့လိုက်"

"စားလို့ကောင်းမယ့်ပုံပဲ ညှိကြည့်မလား"

"ယောကျ်ားအချင်းချင်းတောင်မရှောင်ဘူး"

------

ထူးတို့ နောက်ကနေ ပြောသံကြားလို့ အစကတော့ ဒီတိုင်းသွားမလို့ပဲ။
အခုကတော့ နည်းနည်းလွန်သွားပြီ။
လှည့်ကြည့်မိတော့။
သန့်ဝီရဇော်၊ ဥက္ကာဇွဲမာန် ၊သုတရဲသွေး၊ စစ်မာန်ဟိန်း ၊သစ်ဆူးလွင် တို့၅ယောက်။
ဝန်ကြီးသားဆိုပြီး $ဘဝင်တေ စွတ်မြင့်နေတဲ့ သနားစရာကောင်တေပဲ။

ထူး"ခွေးတွေက ကြောက်ရင် ဟောင်တယ်တဲ့"

ဒီလေါက်ဆို ကျန်တဲ့၃ယောက်က သိပြီလေ။

နွေ"ဟုတ်တယ်ဟ ငါတို့လမ်းက ခွေးတွေက ပိုင်ရှင်ရှိတယ် ပြီးတော့ လူ့ကျင့်ဝတ်ဆိုတာလည်းရှိလို့ သိပ်မဟောင်ဘူး"

FANCY U                                   Where stories live. Discover now