episode 25

534 33 3
                                    

မဟာလည်း ကလေးတွေ အတွက်လိုအပ်တာတွေကို ဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။
ကိုယ်ချစ်ရတဲ့ သူက ကလေးတွေ ပါးပါး မဟုတ်လား။
အဲတော့ ကလေးတွေကလည်း လက်ခံပေးဦးမှ။

"အလင်းရေ ဦးဦးဆီလာပါဦး "

အလင်းကို ကောက်ချီလိုက်ပြီး ဆော့စရာ အရုပ်လေးတွေ ချပေးလိုက်တယ်။
အလင်းက အရုပ်လေးတွေကို ကြိုက်သလောက် အရှင်းကတော့ ဖျက်ဆီးရေးသာ အားသန်တယ် ထင်ပါ့။
မနေ့က ဝယ်လာပေးတဲ့ ကားလေးလည်း ဘဝပျက်သွားပြီ။
တစ်စစီ ပျက်သွားပြီ။
ကားလေးရေ အမျှမျှ။
ပြီးတော့ အရှင်းက မဟာကို သိပ်မကြည်။
အလင်းက ချီရင်လည်း ပြုံးရွှင်နေတာပဲ။

"သားရေ ပါးပါးဆီလာပါဦး "

ရှင်း ကို ချီလိုက်တယ်။
အလင်းသစ်ချီတော့ ခန့်ရှင်းက ပြုံးလို့။

"ကိုကြီးရေ "

ဗညားလည်းရောက်လာတယ်။
ထူးကတော့ အိမ်မှာ မရှိပေ။
ကာရံတို့နဲ့ အပြင်ထွက်မယ်ပြောပြီး ထွက်သွားတာ မနက်ထဲက။

"ပိုင်လေးရေ ကိုကြီ ဧည့်ခန်းမှာ "

"အော် ကလေးတွေနဲ့ကို ဟျောင့် ခန့်ရှင်း မင်းမျက်နှာကလည်းကွာ မင်းတို့ လေးလေးရော "

ခန့်ရှင်းကတော့ ဂရုကိုမစိုက် ။
အလင်းသစ် ဆံပင်ကိုသာ ဆော့နေလေရဲ့။

"မဖြေလည်း နေပေါ့ ခန့်လေးရေ လေးလေးထူးရော ဘယ်သွားလဲ "

"ပြင်ပြင် ဝါးတယ်"

"အော် အပြင်သွားတာလား ကြာပြီလား"

ခန့်လင်းကတော့ သွားသေးသေးလေး ၂ချောင်းပေါ်အောင် ရယ်ပြလေရဲ့။

"ကိုကြီး ကျွန်တော် ရှန်ဟိုင်း ပြန်မလို့ Uniတက်မှ ပြန်လာမယ် "

"ပြန်မလို့လား ဘယ်တော့ ပြန်မလဲ "

"မသိသေးဘူး "

တီ..တီ...တီ📲📲
မဟာရဲ့ ဖုန်းက မြည်လာတယ်။

"ခနနော် ဖုန်းလာနေလို့"

ခနကြာတော့ မဟာပြန်လာတယ်။

"ပိုင်လေး ကိုကြီး စိတ်မကောင်းပါဘူး ပိုင်လေး ရှန်ဟိုင်း မပြန်ရင် ကောင်းမယ်"

FANCY U                                   Место, где живут истории. Откройте их для себя