episode 36⚠️

1K 34 1
                                    

This episode includes some mature scenes and is only for above 16 years old.  . So you think that would be detestable or aversion , you should or can pass this episode  .If you read , it is your choice .

    ထူးလည်း အိမ်ကိုပြန်ရောက်ပြီးတော့ အိမ်က ပြသနာတွေကို ရှင်းနေရတာကြောင့် တခြားသူတွေနဲ့ မဆက်သွယ်ဖြစ်။ ထူးရဲ့ အစ်မ မြရှင်းသန့်က ငယ်ငယ်ထဲက အလိုလိုက်ခံထားရတာကြောင့် အခုလည်း ပြောလို့မရ။ အတင်းလက်ထပ်မယ် လုပ်နေတာကြောင့် မေမေက သူတို့ ၂ယောက်ကို အိမ်ထဲမှာပဲ နေခိုင်းထားတယ်။ ထူးကိုလည်း သိပ်တော့ မယုံကြည်။

I want to see //보고 싶다//bogo sipda
I say this more//이렇게 말하니까 더//ileohge malhanikka deo
I want to see//보고 싶다//bogo sipda

BTS ရဲ့ Spring သီချင်းကို ညည်းရင်း ပြတင်းပေါက်ဘေးမှာ ထိုင်နေမိတယ်။

"bogo sipda တွေ့ချင်လိုက်တာ"

တစ်ယောက်ထဲ တိုးတိုးလေး ရေရွတ်မိတယ်။ တကယ်လည်း တွေ့ချင်တယ်။

"ကိုယ်လည်း bogo sipda "

"အမလေး ပလုတ်တုတ်"

ရုတ်တရက်ကြီး ပြတင်းပေါက်နားမှာ လူတစ်ယောက်ပေါ်လာလို့ အလန့်တကြားအော်မိတယ်။

"ဗညား ! ဘယ်လိုရောက်လာတာလဲ ရုတ်တရက်ကြီး "

"အော် ကိုယ့်ကောင်လေးက ပစ်ခဲ့တော့ ဒီလူက စားမဝင် အိပ်မပျော်တွေဖြစ်ပြီး လွမ်းနာကျနေတာ အဲတာကို ကုပေးခိုင်းဖို့လေ "

"အပိုတွေ သိပ်ပြောမနေနဲ့ အခု အိမ်မှာက အခြေအနေကောင်းတာ မဟုတ်ဘူး ဒါနဲ့ ခြံတံခါးကို ဘယ်သူဖွင့်ပေးတာလဲ "

"ကိုကြီး "

ခုနက ဗညားကိုပဲ ကြည့်နေလို့ အောက်ကို မကြည့်မိ။ အိမ်က ထူးရဲ့ ညီ ၂ယောက်။

"သစ်ထူးလွင်! သစ်ဆူးလွင်!"

"ဟို ၂ကောင် မင်းတို့ ၂ယောက်လုပ်ချင်ရာလုပ်နေ မေမေသိရင် ၂ယောက် ဗြောတင်ခံရမှာ လာခဲ့စမ်း အိမ်ထဲကို "

"ကိုကြီးကလည်း အိမ်မှာ မေမေတို့မှ မရှိတာ ဂိမ်းဆိုင်သွားချင်လို့ပါနော် ခနလေးပဲလေ ကိုကြီးအတွက် ဒီအစ်ကို ရှိနေတာပဲ "

ကလေး ၂ယောက်စကားကြောင့် ထူးရဲ့ ပါး ၂ဖက် ရဲတက်သွားတယ်။ နားရွက်ဖျားလေးတွေ နီရဲလျက်နဲ့ ကလေးတွေကို ငေါက်ရတော့တယ်။

FANCY U                                   Onde histórias criam vida. Descubra agora