episode 31

505 29 1
                                    

       ဒီနေ့က Show ပွဲနေ့။ထူးတို့ တစ်သိုက်ကတော့ Live ကြည့်ဖို့ ထူးအိမ်ကို ရောက်နေတာ မနက်ထဲက။ခွန်တာလည်း ရောက်နေတယ်။ရောက်ရောက်ချင်း ထူးတို့က ခွန်တာ ကို စိတ်ပူလို့ မေးကြပေမဲ့ ခွန်တာက ဦးခန့်ညားနဲ့ အဆင်ပြေသွားတယ် လို့ပြောမှ စိတ်အေးရတယ်။ဘာလို့ဆို သူတို့ပယောဂ မကင်းခဲ့ဘူး မလား။ခွန်တာက ဦးခန့်ညားနဲ့ ချစ်သူဖြစ်ပြီးတာနဲ့ တော်တော်ဆိုးလာတယ်လို့ ပြောရမယ်။ဆိုးလည်း ဆိုးချင်စရာလေ။Sugar daddy Boss ခန့်ချောကြီးနဲ့ တွဲနေရတာလေ။မနက်ကလာပို့တုန်းကလည်း အိမ်ရှေ့မှာ အကဲပိုနေတာကြောင့် အိမ်ထဲက ထူးတို့ရဲ့ မေတ္တာပို့သံတွေကို ခွန်တာ ခံရခဲ့သေးတယ်။အဲလောက်ဖြစ်နေရင် အစောကြီးထဲက ဖွင့်ပြောပါလား။
ဟူးးး  မြှားနတ်မောင်လုပ်ရတာလည်း မလွယ်ပါလား။Bluetoothကိုသုံးပြီး ဖုန်းနဲ့ TV ကို Join ထားတာကြောင့် ထူးတို့အကုန်လုံး ဧည့်ခန်းမှာစောင့်နေကြတယ်။
Kpop showတွေကို တစ်ယောက်ထဲကြည့်ရတာနဲ့ စာရင် သူငယ်ချင်းတွေနဲ့ ကြည့်တာ ပိုကောင်းတယ် ထင်တယ်။Biasတော့ မတူစေနဲ့ပေါ့။
ခန့်ရှင်း နဲ့ ခန့်လင်းကလည်း ဧည့်ခန်း စားပွဲပေါ်မှာ ထူးတို့နဲ့ ထိုင်ကြည့်နေတယ်။

"ပါးပါး "

ခန့်လင်းက ကိုလင်းကို မြင်တာနဲ့ ခေါ်နေတယ်။
အစိမ်းရင့်ရောင် suitပေါ်မှာ ကျောက်ပုလဲတွေ အလက်လက်နဲ့  နို့နှစ်ရောင် အသားအရေပေါ်မှာ ထင်းနေတာပဲ။ခဲရောင်ဖျော့ဖျော့လေးဆိုးထားတဲ့ ဆံပင်ပေါ်မှာ အစိမ်းရောင် highlightလေး။ထိုင်းရောက်မှ ဆံပင်styleပြောင်းလိုက်တာ ဖြစ်မယ်။
မဟာကတော့ အပြာရင့်ရောင် Suit နဲ့ ခန့်ညားစွာ ရှိနေပါတယ်။presenter ကိုလင်းကတော့ ထိုင်းဘာသာစကားနဲ့ ကိုရီးယား ဘာသာ ၂မျိုးနဲ့ ကျွမ်းကျင်စွာ အစီအစဥ် တင်ဆက်နေပါတယ်။
ထူးတို့ ၄ယောက်လုံးကတော့ အားကျခြင်းများစွာနဲ့။
မကြာခင် samsaung ဖွင့်ပွဲနဲ့အတူ blackpink memeber တွေအကုန် စင်ပေါ်ကို တက်လာတယ်။

"lisa လေး သေပါပြီ ချောလိုက်တာ"

"rose ငါ့ရဲ့ roseရော "

"jinnie ရော ငါ့ရဲ့ နတ်သမီးလေး "

"မကြည်စိုးရော jisooရေ "

FANCY U                                   Место, где живут истории. Откройте их для себя