End

1.6K 47 14
                                    

မာန်ဟိန်းနောင်ရဲ့ အစ်မ ဖြစ်သူ သမုဒယဇော်နဲ့ တွေ့ရန်အတွက် ထူး ပုဆိုးနဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ကာ ချိန်းထားသော ကော်ဖီဆိုင်ကို ထွက်လာခဲ့သည်။ ရာသီဥတုသာယာနေသဖြင့် ထူး သီချင်းလေး ညည်းနေသည်။

I know :(
I know...
I know of sure
Everybody wanna steal my girl
Everybody wanna take her heart away

ထိုစဥ် ချိုသာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ သီချင်းသံက ထွက်လာခဲ့သည်။

So baby don't worry
You are my only
You won't be lonely
Even if the sky is falling down

ထူး လှည့်ကြည့်မိတော့ ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး အနီရင့်ရောင် ပါတိတ်ဝမ်းဆက်လေး ဝတ်ထားတဲ့ ကောင်မလေး တစ်ယောက်။ အပြင်အဆင်ကို သဘာဝကျကျလေးနဲ့ ပြင်ဆင်လာခဲ့တဲ့  မြန်မာမိန်းကလေးတစ်ယောက်ဖြစ်နေသည်။

"Hello သမုဒယဇော်ပါ မနောက်ကျပါဘူးနော်"

"ဟုတ်ကဲ့ မနောက်ကျပါဘူး ကျွန်တော်က ထူးသက်ကျော်ပါ"

"Oh ချောသားပဲ "

"ကျေးဇူးပါဗျာ"

"Cosplayer fanလား"

ထူးရဲ့ ဖုန်းcoverက suyin yansheng ပုံကို ထားထားတာကြောင့်ပင် ဇော်က မေးလိုက်သည်။

"ဆိုပါတော့ yanshengက ကျွန်တော်အကြိုက်ဆုံးလေ"

"ဟဲဟဲ ကျွန်မက Hakken Ryou "

"တကယ်ကြီး "

"ဒါပေါ့ kumaqiတို့ Azeyတို့ကိုလည်း ကြိုက်ပါတယ်"

"weian သူ့လည်း မိုက်တယ် တက်တူးတွေက အလန်းပဲ "

"သူ့ရဲ့ bodyကို ကြိုက်တာ ဒါနဲ့ ကျွန်မတို့တွေ့တာ ဒါအကြောင်းပြောဖို့ မဟုတ်ဘူးထင်တယ် Ha Ha Ha "

"ဒါပေါ့ Ha Ha Ha "

"ကျွန်မကတော့ ရှင်းရှင်းလင်းလင်းပြောပြထားချင်တယ် ကျွန်မချစ်တဲ့ ကောင်မလေးက အင်း ပြောရမယ်ဆို သူက လက်ထပ်သွားပြီလေ ကျွန်မလည်း ကိုယ်ပိုင်ဘဝလေးတစ်ခုလိုချင်လို့ ရှင်က လက်ခံပေးနိုင်လောက်တယ် ထင်လို့ ကျွန်မလာတွေ့တာ"

"ကျွန်တော်ကတော့ ကျွန်တော်ချစ်ရတဲ့ ကောင်လေးရဲ့ အဝေးကို ထွက်ပြေးချင်လို့ "

FANCY U                                   Where stories live. Discover now