ထူးကတော့ ကျောင်းစတက်တဲ့လမှာပဲ ဆေးရုံသွားလိုက် ။ အချိန်ပိုင်းအလုပ်ကို ပြေးလိုက် ။ ကျောင်းကို သွားလိုက်နဲ့ သူငယ်ချင်းတွေနဲ့တောင် ခပ်စိမ်းစိမ်းဖြစ်နေတယ်။
"ထူးသက်ကျော် မင်းကိုလည်း ငါအားနာလှပြီ ကျောင်းရောတက်ဖြစ်ရဲ့လား "
"တက်ဖြစ်ပါတယ် ကိုလင်းရ ဒီနေ့တောင် ကျောင်းလခ သွားထုတ်ရဦးမယ်။ပြီးတော့ အလုပ်ပြောင်းထားတယ်"
"အရင်က ပန်းဆိုင်မှာ မလုပ်တော့ဘူးလား"
"အဲဆိုင် နည်းနည်းဝေးတယ်လေ အခုက ဂျူနီယာတွေလည်း ရှိနေတော့ အလုပ်ပြောင်းလိုက်တာ အခုက စာကြည့်တိုက်မှာ စာလေ့လာရတာလည်း အဆင်ပြေတယ် ကျောင်းနဲ့လည်း နီးတယ်လေ အာ့ကြောင့် "
"အင်းပါ မင်းအဆင်ပြေရင် ပြီးတာပဲ "
"ကိုလင်း ကလေးနာမည်ရော ဘယ်လိုပေးမလဲ"
"ခန့်ရှင်းသန့် နဲ့ ခန့်လင်းသန့်လေ "
ခန့်လင်းသန့်နဲ့ ခန့်ရှင်းသန့်လေး။
"လှသားပဲ အော် ပြောဖို့မေ့နေတာ အိမ်မှာနေတဲ့ ဦးလေးကြီးက ၆လပြည့်ရင် အလုပ်ပြန်ဆင်းရမယ်တဲ့ "
"ဟုတ်လား laptopတစ်ချက်ယူပေး "
"ဟုတ်"
"ဟုတ်သားပဲ "
"ဒါဆို ကလေးတွေကို ဘယ်သူကြည့်မှာလဲဟင်"
ထူး မေးနေတုန်း လင်းသန့်က လှုပ်လာတာကြောင့် အလင်းသစ်နို့တိုက်နေလိုက်တယ်။
"ကလေးထိန်းကျောင်းရေးကျောင်း "
"အဲကိုပို့မယ်လို့တော့ မပြောနဲ့နော် "
"ရွေးစရာမရှိဘူးလေ "
အလင်းသစ် ပြောပြီးတော့ တွေတွေလေး ငေးနေမိတယ်။
သယ်သူကများ ကိုယ့်ကလေးနဲ့ ခွဲချင်ပါ့မလဲ ။
ဒါပေမဲ့ အလုပ်မလုပ်ဘဲနဲ့ ကလေး၂ယောက်ကို ကျောင်းထားလို့မရဘူး။
ပါးပါး တောင်းပန်ပါတယ် ကလေးတွေရယ်။
၆လ အရွယ်က မိဘနဲ့ ဝေးဖို့ငယ်လွန်းတယ်။"စနေ တနင်္ဂနွေဆိုရင်တော့ ကျွန်တော် ထိန်းပေးမယ်လေ ကိုလင်းက တနင်္ဂနွေနဲ့ အင်္ဂါနေ့ အားတာပဲ ကျန်တဲ့ လေးရက်ပဲ ပို့တာပေါ့"
![](https://img.wattpad.com/cover/238706368-288-k473769.jpg)
ESTÁS LEYENDO
FANCY U
RomanceName - Fancy U Main characters - ဗညားမင်းခန့်ပိုင်၊ထူးသက်ကျော် Cove in Clover series - 1 Version - Both Unicode and Zawgyi Versions Chapters - 48 completed Description -အလယ်တန်းကျောင်းသား ဘဝတုန်းက တိတ်တခိုးချစ်ရတဲ့ ကောင်လေးကို အလယ်တန်းပြီးလို့ ကျ...