"ဟင်"
"ဟုတ်တယ် "
"သူ့နာမည်က ကိုအလင်းသစ်လေ ကိုကြီးတို့ ကုမ္ပဏီက အတွင်းရေးမှူး"
"ဟင် တကယ် "
"တကယ်ပါဆို ခုနက ကောင်လေးက ထူးလေ"
"မင်းအမြဲပြောနေတဲ့ ချစ်စရာဆိုလား"
"အေးလေ "
"ဘယ်ကချစ်စရာကောင်းမှာလဲ ကလေးမသာရုပ်နဲ့"
"ကိုကြီး!!!!!!!
"အမလေး လန့်လိုက်တာ "
"ထူးကို အဲလိုမပြောနဲ့ "
"အဖြစ်ကိုသည်းနေတာ အဲကောင် ငါ့ကိုပြောတာ ရစရာတောင်မရှိဘူး"
"ထူးက အမှန်ကို ပြောတာဖြစ်မှာပေါ့"
"အေး မင်းကောင်ကို ကာကွယ်နေလိုက် ပူလိုက်တာကွာ"
"ရေသွားသောက်"
"တော်တော် ချစ်စရာကောင်းတဲ့ညီပဲ သူ့ကောင်ကျတော့ အအေးပတ်မှာစိုးလို့ ဘာလို့နဲ့ ဂရုစိုက်ပြနေလိုက်တာ အကိုကျတော့ ရေသွားသောက်တဲ့ "
"သောက်ချင်ရင် ကိုယ့်ဘာသာဝယ်သောက်"
"အေးပါကွာ တော်တော်ချစ်စရာကောင်းတဲ့ညီ"
ဗညားနဲ့ မဟာ စကားပြောနေတုန်း Nurseလေးက ခွဲခန်းထဲကထွက်လာတယ်။
"ဂုဏ်ယူပါတယ်ရှင် ယောကျ်ားလေး အမြွှာပါ "
"ထူးရေ မင်းအကိုမွေးပြီတဲ့"
"ဟုတ်လား "
"ယောကျ်ားလေးအမြွှာတဲ့"
ထူးလည်း ဗညားရင်ဘတ်ကို ခေါင်းမှီပြီး ငိုမိတယ်။
"ပျော်လိုက်တာ "
"အင်းပေါ့ မင်းတူလေးတွေလေ "
ဗညား ထူးရဲ့ ပါးကို ညှစ်လိုက်တယ်။
"ငိုမနေနဲ့ ခနနေရင် ကလေးတွေက သူ့တို့ဦးလေးက နှပ်ချေးတွဲလောင်းနဲ့လို့ပြောနေဦးမယ်"
"အင်းပါ "
ထူးက တရှုပ်ရှုပ်နဲ့ငိုနေရာကနေ ဗညားရဲ့အင်္ကျီနဲ့ လှမ်းသုတ်လိုက်တယ်။
"ညစ်ပတ်အိုးလေး "
ထူး ဆံပင်ကို ထိုးဖွရင်း စနေလိုက်တယ်။
YOU ARE READING
FANCY U
RomanceName - Fancy U Main characters - ဗညားမင်းခန့်ပိုင်၊ထူးသက်ကျော် Cove in Clover series - 1 Version - Both Unicode and Zawgyi Versions Chapters - 48 completed Description -အလယ်တန်းကျောင်းသား ဘဝတုန်းက တိတ်တခိုးချစ်ရတဲ့ ကောင်လေးကို အလယ်တန်းပြီးလို့ ကျ...