episode 2

1.5K 85 5
                                    

ဒီနေ့က မတ်လ တစ်ရက်နေ့ ။
အလင်းသစ်ရဲ့ ဗိုက်ကလေးကလည်း  ၆လပြည့်တဲ့နေ့။
တစ်ယောက်ထဲဆိုတော့ အစစအရာရာကို ပြင်ဆင်ထားရတယ်။ ထူးသက်ကျော်က ကျောင်းပိတ်ရင်လာမယ်လို့ ပြောပေမဲ့ အခုထိ မရောက်လာသေးပေ။ အလင်းသစ်က အိမ်ကို ၂ထပ် လသာဆောင်ပါရောဆို သုံးထပ်။ အိမ်ကိုခြံနဲ့ အကြီးကြီး ဝယ်လိုက်တယ်။ နောက်ဆို သူ့ကလေးအသက်ကြီးလာရင် နေလို့အဆင်ပြေအောင်ပါ ကြိုဝယ်ထားလိုက်တာ။ သူက အောက်ထပ်မှာပဲ နေဖြစ်တယ်။ ကိုယ်ဝန်နဲ့ဆိုတော့ လှေကားနဲ့ဆို အဆင်မပြေဘူးလေ။ ယောကျ်ားလေးဖြစ်တဲ့အတွက် ဗိုက်ဖုံးအကျီတော့ မဝတ်ပေ။ တီရှုပ်အကျီကို ဆိုဒ်အကြီးတွေ ဝယ်ဝတ်ဖြစ်တယ်။ အောက်က ချည်သားဘောင်းဘီအပွနဲ့ တီရှပ်နဲ့ဆိုတော့ ဗိုက်ရှိတယ်လို့ထင်တော့မှာမဟုတ်ဘူး။ သာမန်ဘီယာဗိုက်လောက်ပဲရှိတာကြောင့်လည်း ပါတယ်။ နွေရောက်လာပြီမို့ ခြံထဲက သစ်ပင်အောက်ကို Laptopယူပြီးဆင်းလာခဲ့တယ်။ zoomကို ဖွင့်ပြီး meetingနဲ့ joinလိုက်တယ်။
"Hello "
နှုတ်ဆက်လိုက်တယ်။  ဒီနေ့ကတော့ ဘန်ကောက်မှာလုပ်မယ့် kpop fanmeetingတစ်ခုအကြောင်းကို ဆွေးနွေးနေကြတာဖြစ်တယ်။
"ကဲ အခုအားလုံးကို ကြေညာစရာရှိတယ် SHINNIAရဲ့ CEOက ရန်ကုန်မှာ ရုံးချုပ်ဖွင့်မယ်တဲ့ မောင်အလင်းသစ်က အတွင်းရေးမှူးတာဝန်ကို ဆက်ယူရပါမယ်"
Meetingပြီးတော့ အလင်းသစ်တွေတွေလေး ငေးနေမိတယ်။ တကယ်လို့ CEOသာ ပြန်ရောက်လာမယ်ဆိုရင် သူရုံးတက်ရတော့မှာပဲ။ မွေးလာမဲ့ကလေးနဲ့ သူဘယ်လိုလုပ်ရပါ့မလဲ။ ပြီးတော့ ရန်ကုန်မှာက အသိမိတ်ဆွေတွေရှိတာမဟုတ်ဘူး။ အလုပ်ထွက်ပြန်ကလည်း မဖြစ်ဘူး။ ဒီအလုပ်ရဖို့ သေလောက်အောင် ကြိုးစားခဲ့ရတာ။ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့ IDOLတွေနဲ့ အနီးကပ်တွေ့ရဖို့ သူ့အိမ်မက်တွေကို အကေင်အထည်ဖော်ဖို့ အရာရာကို ကျော်ဖြတ်ခဲ့ရတာ။ အရှက်သိက္ခာ တွေ အကြောက်တရားတွေကိုတောင် ရင်ဆိုင်တွန်းလှန်ခဲ့ရတာ။ တကယ်လို့ အလုပ်ကို လက်မလွှတ်ဘူးဆိုရင် သူ့ဗိုက်ထဲက ကိုကိုရဲ့ ကလေး ၊ကလေးကို မိဘမေတ္တာနဲ့ ဝေးကွာပြီး မကြီးပြင်းစေချင်ဘူး။ ကိုကိုရဲ့ ကိုယ်ပွါးလေး။ ကိုကိုအစား သူ့အနားမှာ တစ်သက်လုံးရှိနေပေးမယ့် ကလေးလေး။
"ကလေးရယ် ဒယ်ဒယ် ဘါလုပ်ရမလဲဟင်။ ဒယ်ဒယ့်ကို လမ်းပြပေးပါဦး"
အလင်းသစ် ဗိုက်ကို ပွတ်ရင်းနဲ့တွေးနေမိတယ်။ Laptop screenပေါ်မှာ ပေါ်နေတဲ့ ကိုကိုနဲ့ သူရဲ့ပုံလေးကိုလက်ညိုးနဲ့ အသာတို့ထိလိုက်တယ်။ ဒီအချိန်သူ့အနားမှာ ကိုကိုသာရှိနေမယ်ဆိုရင် သူ့ကို ကူညီပေးမှာ သေချာတယ်။ သူသဘောကျတဲ့ အလုပ်ကိုရဖို့ ကိုကိုက အစကနေအဆုံးထိ ကူညီပေးခဲ့တာ။ ကိုကိုက သူရှာကျွေးနိုင်တယ်ဆိုပေမဲ့ ကျွန်တော် ဝါသနာပါရာအလုပ်ကိုလည်း တန်ဖိုးထားပေးတယ်။

FANCY U                                   Tahanan ng mga kuwento. Tumuklas ngayon