episode 8

905 53 2
                                    

ထူးတို့၃ယောက် ရောက်တော့ ဗညားတို့က အစားအစာတွေတောင်မှာပြီးပြီ။

"လာထိုင်လေ "

နွေဦးက တိမ်မင်းခန့်ရဲ့အရှေ့မှာ ဝင်ထိုင်လိုက်ပြီး ကာရံကတော့  စစ်ခွန်မှူးနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တာမို့ ထူးက ဗညားရှေ့မှာထိုင်လိုက်တယ်။

"ထိုင်မယ်နော် "

"အင်း ထိုင်လေ"

နောက်ထပ်၂ယောက်လည်း ရှိနေသေးတာကြောင့် ခွင့်တောင်းထိုင်လိုက်တယ်။ တိမ်မင်းခန့်ကပဲ မိတ်ဆက်ပေးလိုက်တယ်။

"အော် မိတ်ဆက်ပေးရဦးမယ် ဒါငါ့သူငယ်ချင်း ဆလိုင်းစောမင်းထန်တဲ့"

နွေဦး      "ခွန်သူရရဲသွေးမဟုတ်လား ငါတို့Bအခန်းကမဟုတ်လား"

ခွန်သူရ     "ဟုတ်တယ် အာ့ကြောင့်မင်းတို့ကို မြင်ဖူးနေတာကိုး "

စစ်ခွန်မှူးး" မင်းတို့၄ယောက်က Bခန်းကပေါ့ ငါတို့၄ယောက်လုံးက Aခန်းက"

ကာရံ     "အဲတော့ ဘာဖြစ်ချင်လဲ"

စစ်ခွန်မှူး"ဘာမှမဖြစ်ချင်ပါဘူး ကာရံဗိုက်ဆာနေပြီမဟုတ်လား ကိုယ်ပုစွန်ခွါပေးမယ်နော်"

တိမ်မင်းခန့်"ဟျောင့် ငါတို့လည်း ပါးစပ်ပါတယ်"

စစ်ခွန်မှူး"အဲတော့ မင်းတို့မှာ လက်မပါဘူးလား"

တိမ်မင်းခန့်"အော် ကာရံမြင့်မြတ်က လက်မပါဘူးကိုး ဘယ်မှာကျန်ခဲ့တာလဲဟင်"

စစ်ခွန်မှူးက တိမ်မင်းခန့်ခေါင်းကိုဖြတ်ရိုက်လိုက်တယ်။

ဗညား "ကဲ တော်ကြပါတော့ ခွါချင်တဲ့လူက ခွါ စားချင်တဲ့လူက စား စကားများမနေနဲ့ တိမ်မင်းခန့် မင်းလည်းတခြားလူကို သူစ မနေနဲ့ မနေနိုင်ရင် နွေဦးရိပ်ကို ခွါပေးလိုက်"

နွေဦး"ဘာ!!!!"

ဗညား"ငါပြောချင်တာ ပုစွန်လို့ "

ကာရံ"ဟိုမှာ ခွန်တာဦးလွင်မဟုတ်လား"

ကာရံညွှန်ပြတဲ့နေရာကို ကြည့်မိတော့ ခွန်တာဦးလွင် နဲ့သူ့ အစ်ကို ဦးခန့်ညားနန္ဒ။

FANCY U                                   Where stories live. Discover now