episode 42

473 29 0
                                    

    ထူးနဲ့ ကလေး ၂ယောက်က အိမ်တွင်သာ နေရသည်မို့ ကြာလာသည်နှင့်အမျှ ကလေးသဘာဝ ပျင်းလာသည်။ ထူး မနက်စာပြင်ဆင်နေတုန်း ခန့်လင်းနဲ့ ခန့်ရှင်းက အိပ်ရာက အိပ်ချင်မူးတူးနဲ့ ထလာ၍ မီးဖိုချောင်က စားပွဲမှာ ငုတ်တုတ်လာထိုင်နေကြသည်။

"လေးလေးရဲ့ တူလေးတွေနိုးလာကြပြီကိုး မျက်နှာသစ်ပြီးရင်  မနက်စာစားကြမယ် သားတို့ကြိုက်တဲ့ ဆီချက်ခေါက်ဆွဲလုပ်ထားတယ် "

သို့ပေမဲ့ ကလေး ၂ယောက်က ငုတ်တုတ်ထိုင်နေမြဲ ။

"ဘာဖြစ်လို့တုန်း "

"လေးလေး "

"ဗျာ "

"သားတို့ကစားကွင်းသွားရအောင် "

"သားတို့က အိမ်ထဲမှာ နေရတာ ပျင်းနေပြီပေါ့လေ မနက်စာစားပြီးရင် မင်းတို့ဦးလေးဗညားဆီ သွားရင်းနဲ့  လေးလေးလိုက်ပို့ပေးမယ် အခုတော့ ရေသွားချိုးတော့ "

"Yayy အဲတာကြောင့် လေးလေးကို ချစ်တာ "

"ဟုတ်ပါပြီဗျာ လေးလေးစောင့်နေမယ် မြန်မြန်သွားလုပ် "

ထူးလည်း ဗညားအတွက် နေ့လည်စာထမင်းဘူးနဲ့ ကလေးတွေအတွက်အဆာပြေမုန့်တွေကို စီစဥ်ပြီးနောက် ရေချိုးရန်  ပြင်ဆင်နေသည်။ အပေါ်အင်္ကျီကို ချွတ်ပြီး တဘတ်ကို ခါးမှာ ပတ်ပြီး ရေချိုးဖို့ ပြင်ဆင်နေစဥ် အိမ်ရှေ့မှ ဘဲလ်တီးသံကြားလိုက်ရသည်။ ကလေး ၂ယောက်က ဘယ်သူလဲလို့ မျက်စိလှန်ပြသည်။

"လေးလေး သွားဖွင့်လိုက်မယ် ရေပြီးအောင်ချိုးထား "

ထူးလည်း ဆပ်ပြာမြှုပ်တွေကို တဘတ်ထည်နဲ့ သုတ်ပြီးနောက်  အပြင်ကို ထွက်လာခဲ့သည်။ bathrode ကို အမြန်ဝတ်ရင်း တံခါးသွားဖွင့်သည်။

"ကျော်ကြီးရေ ဗြဲ ငါ့ကို ကယ်ပါဦး ဗြဲ "

"ဟျောင့် သူများအိမ်ဝမှာ ငိုမနေနဲ့  ငါတို့ကို အိမ်ထဲ ခေါ်ဦး "

ကာရံမြင့်မြတ်နဲ့ ခွန်တာဦးလွင်တို့ပင် ဖြစ်သည်။ ကာရံကတော့  ပူဆွေးသောကရောက်နေပြီး ငိုကြီးချက်မဖြစ်နေကာ ခွန်တာကတော့ သူ့ကို တနေရာရာကနေ ဆွဲဆောင်လာခဲ့ပုံ။

FANCY U                                   Where stories live. Discover now