Christmas side story

376 21 1
                                    

ခန့်လင်းနဲ့ ခန့်ရှင်း"ပါးပါးရေ သစ်ပင်ကရော "

"ဦးဦးကို မေးကြည့်နော် "

"ဦးဦးရေ "

"ဗျာ "

"ညကျရင် ဆန်တာကလော့ ဘိုးဘိုးက တကယ်လာမှာလားဟင် "

အလွန်အမင်းမျှော်လင့်နေသော မျက်နှာဖြင့်။

"ဒါပေါ့ ခန့်လင်းက ဘာလိုချင်နေလို့လဲ "

"သားကလား ဟိုတစ်နေ့က ခန့်ရှင်း ၂ပိုင်းချိုးလိုက်တဲ့ ခဲတံလေး ပြန်လိုချင်တယ်"

"ငါ ဘယ်မှာချိုးလို့လဲ "

"သား ခန့်ရှင်း ငါလို့ မပြောနဲ့လို့ ပါးပါးမှာထားတယ် မလား"

မီးဖိုချောင်ထဲက အလင်းက လှမ်းအော်တယ်။

"မပြောတော့ပါဘူး ပါးပါးကလည်း "

"ခန့်ရှင်းပဲ ချိုးလိုက်တာလေ အဲတာက သီဟန်ပေးထားတာလေ မင်းပဲ ချိုးပြီးတော့ "

"ငါ မချိုးဘူးလို့ ပြောနေတယ်လေ "

"ခန့်ရှင်း ချိုးတယ် ခန့်လင်းမြင်တယ် "

မဟာကတော့ ခရစ်စမတ်သစ်ပင်ကို မီးလုံးလေးတွေ အလှဆင်ရင်းနဲ့သာ နားထောင်နေမိတယ်။

"ကဲပါ ဦးဦးကို ပြော ခန့်ရှင်းရော ခန့်လင်းရော အမှန်တိုင်းဖြေ"

ခန့်ရှင်းကတော့ ဟွန့် ဟု အသံပြုရင်း တစ်ဖက်ကို လှည့်လိုက်တယ်။

"သီဟန်က ဘယ်သူတုန်း "

"သားတို့ အတန်းထဲကလေ သီဟန်ဘွား တဲ့ "

"ဟုတ်လား ပြောပါဦး "

"သီဟန်က သားကို ခဲတံလက်ဆောင်ပေးတာ ခန့်ရှင်း ချိုးလိုက်တယ် သားခဲတံကျိုးသွားပြီ "

"ခန့်ရှင်း ခန့်လင်းပြောတာ ဟုတ်လား "

"ဟုတ်တယ် သား ချိုးလိုက်တာ "

"ဟင်  "

"ဟုတ်တယ် ကျောင်းမှာဆို ခန့်လင်းက သီဟန်ကိုပဲ စကားပြောနေတာ အိမ်ပြန်ရောက်တော့လည်း သီဟန်ပေးတာကိုပဲ ပြောနေတာ ကျွန်တော့်ကိုမှ ဂရုမစိုက်ဘဲ အဲတာကြောင့် ချိုးလိုက်တာ "

FANCY U                                   Where stories live. Discover now