episode 7

929 59 6
                                    

Unicode version

ကျောင်းလည်း ဖွင့်တော့မယ်မို့လို့ ထူး လည်း ကျောင်းဆောင်ကို ခနခနသွားနေဖြစ်တယ်။ အခုဆိုထူးလည်း သူငယ်ချင်းအသစ်တွေ ရနေပြီလေ။ မိုးရာသီစတော့မယ်မို့ လိုအပ်တဲ့ ထီးဝယ်ဖို့ City Martကို စက်ဘီးစီးရင်း ထွက်လာခဲ့တယ်။

"ဟျောင့် ကျော်ကြီး "

နောက်က ခေါ်သံကြားလို့လှည့်ကြည့်တော့ ကာရံမြင့်မြတ်။ နွေဦးရိပ်ကနေတစ်ဆင့် သိကျွမ်းခဲ့တာဖြစ်တယ်။ သူတို့ ၃ယောက်နဲ့နောက်တစ်ယောက် ခွန်တာဦးလွင် အပါအဝင် ၄ယောက်လုံးက kpoperတွေမို့ ပိုခင်ခဲ့တာဖြစ်တယ်။ ၄ ယောက်လုံးက armyတွေမို့ အခင်အမင်ပိုလာခဲ့တာဖြစ်တယ်။
နွေဦးရိပ်ရယ်၊ ကာရံမြင့်မြတ်ရယ်၊ ထူးသက်ကျော်ရယ်၊ ခွန်တာဦးလွင်ရယ် ၄ ယောက်ပေါင်းမိရင် ပြောတတ်တာက btsအကြောင်းရယ်၊ အစားအသောက်အကြောင်းရယ် ပေါက်ကရလေးဆယ် ဟာသတွေကို လျှောက်ပြောနေတတ်တယ်။
တခြားကောင်လေးတွေလို ကောင်မလေးတွေအကြောင်းတို့ ဂိမ်းအကြောင်းတို့ မပြောပေ။ ဂိမ်းကတော့ ၄ယောက်လုံးမဆော့တတ်လို့ ။ ထူးနဲ့ နွေဦးက မျက်မှန်ပါဝါကြောင့်မဆော့တာ။ ခွန်တာဦးလွင်က သူ့အိမ်က ခွင့်မပြုလို့ ။ ကာရံမြင့်မြတ်ကတော့ ငါတို့မဆော့လို့။ အဲလို။
ပြီးတော့ ကောင်မလေးအကြောင်းဆိုတာကတော့ ထူးသက်ကျော်က သူရဲ့ ပထမဆုံးcrushက ယောကျာ်းလေးဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြထားတယ်။ ကျန်တဲ့ နွေဦးနဲ့ ကာရံကတော့ biတွေလို့ဖွင့်ဟထားတယ်။ ခွန်တာဦးလွင်ကတော့ သူ့အိမ်ကပေးစားတဲ့လူကိုယူမယ်တဲ့။

လူတိုင်းမှာ လွတ်လပ်စွာချစ်ပိုင်ခွင့်ရှိတယ်လို့ ပြောပေမဲ့ခွန်တာဦးလွင်ကတော့ သူနေသားကျနေပြီမို့လို့တဲ့။ အဲတော့လည်း အထူးတလည်ပြောမနေနဲ့။ သူတို့၄ယောက်ကြားမှာ ကျားမလိင်စိတ်တိမ်းညွှတ်မှုတွေက အရေးမကြီးပေ။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မနှောင့်ယှက်တာမို့ ပိုမိုရင်းနှီးလာခဲ့တာဖြစ်တယ်။
အခုလည်း နွေဦးရိပ်နဲ့ ကာရံမြင့်မြတ်။

"မင်းတို့ ၂ယောက်က ဘယ်ကလှည့်လာရတာလဲ"

"ထီးလာဝယ်တာ "

FANCY U                                   Hikayelerin yaşadığı yer. Şimdi keşfedin