episode 32

504 28 4
                                    

ဗညား Meeting ပြီးလို့ နေ့လည်စာ စားဖို့ အပြင်ထွက်တယ်။
စစ်ခေါင်တို့ကို မေးကြည့်ဦးမှပဲ။
ခုနကမှ အစည်းအဝေးပြီးတော့ သူတို့လည်း စားရဦးမှာ မဟုတ်ဘူး။

"ကိုဗညား "

"အော် ပုညမင်း "

"နေ့လည်စာ သွားစားမှာမလား ပုညနဲ့တူတူသွားရအောင် "

"ဟို စစ်ခေါင်တို့နဲ့ သွားမှာမို့လို့ "

"ကိုဗညားကလည်း ပုညနဲ့တူတူသွားရအောင် မဟုတ်ရင် စိတ်ဆိုးမှာနော် ကိုစစ်ခေါင်တို့နဲက မစားလည်းရတာကို "

ဗညား စိတ်ညစ်လှပြီ။ကိုကြီးရယ် မြန်မြန်သာ ပြန်လာပါတော့။အခုဆို ပြန်ရောက်လောက်ပြီ။
မနက်ဖြန်ဆို ဝဋ်ကျွတ်တော့မယ်ဟုသာ မှတ်ထားလိုက်တယ်။ပုညမင်းက အရမ်းချွဲတယ်။ထူးတောင် သူ့လိုတစ်ခါမှ မပြောဘူး။စိတ်လည်း ခနခနကောက်တယ်။မာမီ့ မျက်နှာကြောင့်သာ သည်းခံနေရတာ။
အလုပ်မရှိ အလုပ်ရှာပြီးလည်း ရစ်တတ်သေးတယ်။
ဗညားလည်း ကိုယ့်ညီတစ်ယောက်လို ခင်နေတာကြောင့် လိုက်လာပေးလိုက်တယ်။စစ်ခေါင်နဲ့ တိမ်မင်းခန့် တို့၂ယောက်နေ့လည်စာစားနေတာကြောင့်တူတူဝင်ထိုင်လိုက်တယ်။စစ်ခေါင်ကတော့ ပုညမင်းကို ကြည့်လို့မရ။အာ့ကြောင့် နှုတ်လည်း မဆက်။ကြည့်လည်း မကြည့် ။ကိုယ့်ဘာသာ စားနေတယ်။

"ကိုဗညား ပုညတို့ဘာစားရင် ကောင်းမလဲဟင် "

"ကြိုက်တာသာစား "

"ကိုဗညားကလည်း "

"ထမင်းစားမှာပေါ့ "

တကယ်ပါ။ဒီလေါက် ချွဲပစ်တဲ့ အသံနဲ့ ပြောနေတာ။
ပလပ်စတစ် ရေညှိတက်နေတဲ့ အသံနဲ့ ။ရုံးပတီပင်ပေါ် ပက်ကျိတက်ရင်တောင် သူ့လောက် မချွဲဘူး။
စစ်ခေါင်ကတော့ ထပ်ကြာကြာနေရင် သူ စိတ်တိုလာတော့မှာကို သိတဲ့အတွက် မြန်မြန်လက်စသတ်ပြီး ထွက်လာတယ်။တိမ်မင်းခန့်ရောပဲ။

"တောက် "

"စိတ်လျှော့ပါ စစ်ခေါင်ရာ "

"လျှော့လို့ရမလား အဲကောင် ဗညားက ဘာဖြစ်နေတာလဲ ပါးစပ် မပါတာလား ချစ်သူတစ်ယောက်လုံးကို ပစ်ထားပြီး တခြားတစ်ယောက်ကို ဂရုစိုက် အလိုလိုက်ပြနေတာ ငါ ထူးသက်ကျော်ကို မျက်နှာပြရမှာတောင် ရှက်တယ် "

FANCY U                                   Where stories live. Discover now