ထူး အခုတလော စာကြည့်တိုက်မှာပဲအနေများနေတယ်။
ထူးတို့ Projectက သက်ငယ်မုဒိန်းကာကွယ်ရေးအတွက် စာတန်းရေးရမှာ ။
အဲအတွက် ထူးတို့က ဖြစ်ခဲ့သမျှ မှုခင်းတွေကို ရဲစခန်းမှာ တောင်းရတယ်။
ဒါပေမဲ့ ကိုယ်ရေးအခက်အလက်တွေက အပြင်ကို ပေါက်ကြားဖို့မဖြစ်တာကြောင့် projectရဲ့ အဓိက leaderတွေကသာ ဖတ်ပြီး အချက်အလက်တွေကို ကောက်နှုတ်ရတာဖြစ်တယ်။
ပြီးမှ ကျန်တဲ့ အဖွဲ့ဝင်တွေကို ပြန်ပြောရတာ။
ထူးတို့ project main leaderကတော့ မိသားစုဝင်တွေကို မေးမြန်းဖို့သွားရတယ်။
ဒါပေမဲ့ အဲတာကလည်း ရဲတပ်ဖွဲတွေရဲ့ အကူအညီနဲ့ လျှို့ဝှက်ပြီး လုပ်ရတာကြောင့် စာတမ်းအတွက် ထူးက ကျန်ခဲ့တာ။
ပထမဆုံး စဖတ်တုန်းကတော့ စိတ်တင်းပြီး ဖတ်ပေမဲ့ ကလေးငယ်တွေရဲ့ အသက်မပြည့်ဘဲ မတရားခံရတာတွေ ၊ တချို့တွေဆို အသက်ဆုံးရှုံးရတဲ့အထိ အဲလိုဖြစ်ရပ်တွေကို ဖတ်ပြီးတော့ ထူး အရမ်းဝမ်းနည်းလာတယ်။
တစ်ချို့ဆို မိသားစုဝင်တွေရဲ့ စော်ကားမှုကို ခံရတာလည်း ရှိတယ်။
ထူး ဖတ်ရင်းနဲ့ စိတ်ထဲမှာ သူတို့နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့ အတွေးနဲ့တင် အရမ်းကြောက်မိတယ်။
သူတို့ဘယ်လောက်တောင် ကြောက်နေမလဲ။
ဘယ်လောက်တောင် နာကျင်နေပါလိမ့်မလဲ။
အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပစ်တဲ့ လူတွေရဲ့ စိတ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ။
တကယ်လို့ အဲနေရာမှာ ကိုယ့်ကလေးသာဖြစ်မယ်ဆိုရင် ကိုယ့်ဆွေမျိုးသားချင်းသား ဖြစ်မယ်ဆိုရင် ကိုယ်ဘယ်လို ခံစားရမလဲ။
ကိုယ်ကတော့ ခနသာ သာယာဖို့ အတွက် အသုံးချလိုက်တဲ့ဘဝတစ်ခုက ဘယ်လောက်တောင် ဆိုးရွားစွာပျက်စီးသွားလဲ ဆိုတာ မသိလို့ပါလား။
လူဆိုပြီး နာမည်သာရှိတယ်။
လူနဲ့တူတဲ့ အသိညာဥ် ကိုယ်ချင်းစာ တရား ဘာမှ မရှိတဲ့လူတွေ ဘယ်လောက်တောင် များနေပါလဲ။
ထူး တစ်ချို့မှုခင်းတွေကို ဖတ်ပြီးတော့ ဆက်မဖတ်နိုင်တော့ဘူး။
အခုချိန်က ည ၉နာရီလည်း ရှိပြီ မို့လို့ စာကြည့်တိုက်မှာလည်း လူနည်းနည်းပဲရှိတယ်။
ထူး စာရွက် fileတွေကို ပိတ်လိုက်တယ်။
ပြီးတော့ စားပွဲပေါ်ကို ခေါင်းမှောက်ပြီး နေလိုက်တယ်။
ကလေးငယ်လေးတွေ ပြုမူခံရတာတွေကို ပြန်တွေးမိပြီး ထူး လက်ချွေးတွေပြန်လာတယ်။
ထိုင်ခုံပေါ် ခြေထောက်ပါတင်လိုက်ပြီး ခေါင်းငုံ့ပြီး မျက်ရည်တွေ ကျနေမိတယ်။
ထူး နောက်ဆုံးဖတ်မိတဲ့ caseက KGကလေးလေး ကို rapeလုပ်တဲ့ case။
အရွယ်မရောက်သေးတဲ့ ဖြူစင်လွန်းလှတဲ့ ကလေးကို ဘယ်လိုစိတ်နဲ့များ ပြစ်မှားကြပါလိမ့်။
ထူး တချို့ဓာတ်ပုံတွေ မှုခင်းဖြစ်ပွါးတဲ့ နေရာတွေကို မြင်ပြီး ဗိုက်အရမ်းအောင့်လာတယ်။
ဒူးပေါ်ကို ခေါင်းတင်ပြီး ကျလာတဲ့ မျက်ရည်တွေကို မဖယ်မိဘူး။
လူသားချင်း စာနာစိတ်မရှိကြဘူးလား။
ထူးတို့က ဗုဒ္ဓဘာသာဖြစ်လို့ နောက်ဘဝ သံသရာဆိုတာ ယုံကြည်တယ်။
တကယ်လို့ ဘဝတစ်ခုမှာ အဲလိုကြုံခဲ့ရင်ရော။
မတွေးမိဘူးလား။
ဘဝတစ်လျှောက်လုံးစွဲထင်နေမယ့် အိမ်မက်ဆိုး အရိပ်မည်းကြီးကို ဘာလို့ ပေးနေကြပါလိမ့်။
ပြီးတော့ တချို့လူတွေ။
အဲလို ဖြစ်သွားတဲ့ကလေးကိုဘာလို့ ခွဲခြားဆက်ဆံနေရတာလဲ။
ဖေးမကူညီပြီး သာမန်လူတစ်ယောက်အနေနဲ့ ရှင်သန်အောင် မကူညီချင်ဘူးလား။
ထူး ဆက်ပြီးတွေးလေလေ ဗိုက်ကလည်း ပိုပိုပြီးအောင့်လာတယ်။
YOU ARE READING
FANCY U
RomanceName - Fancy U Main characters - ဗညားမင်းခန့်ပိုင်၊ထူးသက်ကျော် Cove in Clover series - 1 Version - Both Unicode and Zawgyi Versions Chapters - 48 completed Description -အလယ်တန်းကျောင်းသား ဘဝတုန်းက တိတ်တခိုးချစ်ရတဲ့ ကောင်လေးကို အလယ်တန်းပြီးလို့ ကျ...