episode 40

480 23 0
                                    

            "ငါ စားစရာ လာယူ Ohh ငါ အချိန်ကောင်းလေးကို နှောင့်ယှက်မိပြီထင်တယ်"

  မာန်ဟိန်းနောင်တစ်ယောက် မီးဖိုထဲ စားစရာလာယူရင်းနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လှည့်ပြန်ချင်ပေမဲ့ ဗညားမင်းခန့်ပိုင်သာယာနေတာမြင်တော့  ဖျက်ဆီးချင်စိတ်ပေါ်လာတာကြောင့် အသံပြုလိုက်တယ်။

"အာ မဟုတ်တာ ရပါတယ် အခုပဲ လာပို့ပေးတော့မလို့  တူတူသယ်သွားရအောင် လာသွားရအောင် "

ထူးက အင်္ကျီကို အလျင်အမြန်ဆွဲချရင်း ပြန်ဖြေလိုက်တယ်။ ဗညားကတော့ စားခါနီး လွတ်သွားတာကြောင့် မျက်နှာကြီး မည်းမှောင်နေတော့ပဲ။

"ဗညား  အဲလိုကြီး မနေနဲ့လေ ပြုံးထားပါ "

ထူးက ဗညားနားကပ်ပြီး တိုးတိုးလေး ပြောတယ်။ မာန်ဟိန်းနောင်ကတော့  ဗညားမျက်နှာကိုကြည့်ပြီး သဘောတွေကျနေတယ်။ သောက်ရင်းနဲ့ တဖြည်းဖြည်းညဥ့်နက်လာတော့ ပုညမင်းက တော်တော်မူးနေတယ်။ ထူးကတော့ သိပ်မသောက်ပေ။ ကျန်တဲ့လူတွေက သိပ်တော့ မမူးပေမဲ့ ပုညမင်းကတော့ တော်တော်မူးနေပြီ ဖြစ်တယ်။

"True or dare ဂိမ်းဆော့ကြမလား ရှုံးတဲ့လူ တစ်ခွက်သောက်ကြေး "

"ပုညမင်း တော်လိုက်တော့လေ မင်းလည်း မူးနေတာကို "

"ဘာလဲ မင်းတို့က ကြောက်လို့လား hahaha မသောက်နိုင်ဘူးလား "

သိက္ခာကို အစော်ကားခံရတာကြောင့် အားလုံးက ဆော့ကြတယ်။ပထမအခေါက်မှာ ရှုံးတာက မာန်ဟိန်းနောင်။

"pornကား စကြည့်တာ ဘယ်အရွယ်လဲ "

"hahaha 16 "

"ဝိုး ငယ်သေးတာပဲကို "

သီချင်းအဆုံးကျတဲ့သူက ဗညား။

"ရည်းစားဘယ်နှယောက်ထားဖူးလဲ "

"၅ ယောက် "

"အော်"

ထူးကတော့ အသံတိုးတိုးလေးနဲ့သာပြောတယ်။
အခုအလှည့်က ထူး။

"တကယ်လို့ အခုရှိနေတဲ့ထဲက တစ်ယောက်ယောက်ကို ထွက်သွားလို့ပြောချင်တဲ့သူ "

"ငါ သောက်တယ်"

ဖြေလို့မဖြစ်တဲ့ ကိစ္စမဟုတ်ပေလား။ ဖြစ်နိုင်ရင် ထွက်သွားချင်တာက ငါ  ။ ပုညမင်းက ဗညားရဲ့ ဘေးမှာထိုင်နေပြီး ဗညားပေါင်ပေါ် သူ့ခြေထောက်ကို တင်ထားတယ်။ တခါတလေ  ခေါင်းမှီပြီး နေပြန်တယ်။ ထူး တစ်ခွက်သောက်လိုက်တယ်။ ၃ ခွက်လောက်ထပ်သောက်ရင် သူတကယ်မူးတော့မှာ။

FANCY U                                   Onde histórias criam vida. Descubra agora