episode 3

1.2K 72 8
                                    

ဒီနေ့က ထူးသက်ကျော် ကျူရှင် စတက်ရမယ့်နေ့ ။ မှန်ထဲကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ မျက်မှန်ကို တစ်ချက်ပင့်တင်လိုက်တယ်။ နွေဆိုတော့ ပူတယ်လေ ။ ဘောင်းဘီတို အဖြူတစ်ထည်နဲ့ T shirt အဝါတစ်ထည်ကို ကောက်စွပ်လိုက်တယ်။
ကျောင်းသွားတာ စာသွားသင်တာ မှန်ထဲအဲလောက်ကြည့်စရာလိုလို့လားလို့ လာမမေးနဲ့။$ခွက်က အဆင်မပြေရင် စာသင်တဲ့အခါသိပ်အဆင်မပြေဘူး။ မင်းတို့ ကြုံဖူးလားမကြုံဖူးလား မသိဘူး။ စွ ခွက်မလှရင် ဆရာမ က ရေပြန်ချိုးခိုင်းရင်ဘယ်လိုလုပ်မလဲ။ ပြီးတော့ ငါ့ဘာသာကြည့်ချင်လို့ကြည့်တာ။
မဆိုးပါဘူး။ ငါ တော်တော် ခန့်တာပဲ။ မှန်ထဲကို မျက်စတစ်ဖက်မှိတ်ပြလိုက်တယ်။ အိုက်စ်။ ငါကိုယ်ငါ အခါ ၃၀လောက်ပြန်ကြွေသွားတယ်။ ကျောပိုးအိတ်အမည်းလေးကို ကောက်လွယ်ပြီး ဦးထုပ် အပြာလေးဆောင်းလိုက်တယ်။ နေပူတယ်ဟ။ ပြီးတော့ အောက်ထပ်ကို ဆင်းလာတယ်။ ကျွန်တော်က အပေါ်ထပ်မှာနေတာ။ ကိုလင်းက ကိုယ်ဝန်ဆိုတော့ တက်ရ ဆင်းရ တာအဆင်မပြေမှာစိုးလို့အောက်ထပ်မှာနေတာ။
"ကိုလင်းရေ ကျွန်တော်ကျုရှင်သွား တော့မယ်"
"ပထမဆုံးနေ့မလား ငါလိုက်ပို့မယ်"
"ရပါတယ်ဗျာ ကိုယ့်ဘာသာသွားပါ့မယ်"
"ငါလည်း ဆံပင်သွားညှပ်မလို့ အခူဆံပင်ရှည်နေပြီလေ"
ကိုလင်းက ကုပ်ထောက်နေတဲ့ သူဆံပင်ကို ကိုင်ရင်းပြောတယ်။
"စည်းထားလိုက်စမ်းပါ အခုခေတ်က ဆံပင်ရှည်ထားနေတာပဲ ပြီးတော့ ကိုလင်းက ဗိုက်နဲ့လေ အဲတော့ ဆံပင်ရှည်နဲ့လိုက်တာပေါ့"
"အော် အဲလိုလား ပထမဆုံးနေ့ဆိုတော့ ငါပို့ချင်လို့ပါကွာ လာစမ်းပါ"
"ကောင်းပါပြီဗျာ သွားရအောင်"

ကျုရှင်အပေါက်ဝရောက်တော့ ကိုလင်းက ပြန်သွားတယ်။ အထဲကို ဝင်သွားတဲ့။ ညနေကျရင် လာကြိုမယ်တဲ့။ လာမကြိုနဲ့ပြောတာကို သူလည်း လမ်းလျှောက်ရမှာ မို့လိုတဲ့။
ထူးသက်ကျော် ကျုရှင်ထဲဝင်လိုက်တယ်။ ပထမဆုံးနေ့မို့လို့ စာအုပ်သွားထုတ်ရမယ်။ လက်မှတ်ထိုးရင်းနဲ့ ကျုရှင်ဆရာမနဲ့ နှုတ်ဆက်ရမယ်။  အရှေ့မှာ လူရှိနေတာမို့လို့ ထူးသက်ကျော် ရပ်စောင့်နေမိတယ်။ စာသင်ခန်းတွေက ၂ထပ်အဆောင်မှာ ဖြစ်တယ်။
အရှေ့ကလူကပြီးသွားတာကြောင့် ထူးသက်ကျောဆရာမဆီကို သွားလိုက်တယ်။
"မင်္ဂလာပါဆရာမ"
"ဟယ် သား အချိန်မှားလာတာလား"
ဗျာ မမှားပါဘူး ခင်ဗျ မတ်လ ၁ရက်နေ့ ၈ နာရီပါ"
"အချိန်စာရင်းမှားပေးမိတာထင်တယ် အလယ်တန်းတွေက ၅ လပိုင်းမှ စမှာ"
"ခင်ဗျာ"
ထူးသက်ကျော် ဒေါသတွေ ငယ်ထိပ်ရောက်သွားတယ်။ ဘာတဲ့။ အလယ်တန်း။
"ဆရာမ ခင်ဗျ ကျွန်တော်က နောက်ဆုံးနှစ်တက်မှာပါ ၁၀တန်းကျောင်းသားဗျ"
"အော် ၁၀ တန်းလား"
"ဟုတ်ကဲ့"
ထူးသက်ကျော် ကျူရှင်လာအပ်ထားတဲ့ စာရွက်တွေရော အထက်တန်းဒုတိယနှစ်ဖြေဆိုထားတာတွေကိုရောပြလိုက်တယ်။ အဲတာတွေကို ကြည့်ပြီး ဆရာမက သူ့ကိုကြည့်လိုက် စာရွက်တွေကို ကြည့်လိုက် ခနစစ်နေလေရဲ့။
"အော် ဒါဆိုသားက ထူးသက်ကျော်ပေါ့"
"ဟုတ်ကဲ့ "
"sorryပါကလေးရယ် ဆရာမက အလယ်တန်းထင်လို့ပါ ကဲ သားက အခု section B  မှာ နေရမယ် သားရဲ့ ကြိုးစားမှုကိုကြည့်ပြီး တီချယ်တို့က အဆင့်တိုးပေးရမလား လျှော့ရမလား ဆုံးဖြတ်ပေးမယ်"
ဆရာမကတော့ သူ့ဆံပင်ကို တစ်ချက်ဖွလိုက်ပြီး ကလေးနဲ့တူလိုက်တာလို့ပြောပြီး ထွက်သွားတယ်။ ထူးသက်ကျော်ကတော့ စိတ်ဆိုးလို့ မျက်နှာတောင်နီနေပြီ။ သူ ဆရာမကို စိတ်ဆိုးတာ မဟုတ်ပါဘူး။ အဲလို $ကလေးရုပ်ထွက်နေတဲ့ သူ့အခွက်ကို မုန်းတာ။
အခန်းတံခါးကို ​တွန်းဖွင့်လိုက်တယ်။ အားလုံးက သူ့ဘာသာစကားပြောရင်း ရယ်မော်နေကြတယ်။ တစ်ယောက် ၂ယောက်လောက်က လှည့်ကြည့်ပြီး ဆက်ပြောနေကြတယ်။ အဲထဲက တစ်ယောက်က ကျန်တဲ့လူတွေကို ပြောလိုက်လို့ သူ့ကို ကြည့်နေကြတယ်။
လခွမ်း ဘာလို့ ငါ့ကိုကြည့်နေတာလဲဟ။
"ဟိတ် လာလေ နွေဦးရပ်ဘေးမှာ ဝင်ထိုင်လိုက်"
နည်းနည်းလေး လူကြီးဆန်တဲ့ တစ်ယောက်က ပြောလို့ သူလည်းထိုင်လိုက်တယ်။ သူတို့အတန်းက ဆရာမထိုင်ခုံနဲ့ တည့်တည့်ခုံ။
သိတယ် မဟုတ်လား။ အဲနေရာက ကျောင်းသားတော်တော်များများနဲ့allgeric ရှိတဲ့နေရာလေ။ ထူးသက်ကျော် ဘေးကို ဝင်ထိုင်လိုက်တယ်။ ခုံက ၂ယောက် တစ်ခုံထိုင်ရတာ ဖြစ်ပြီး အားလုံး ၈ခုံ ၁၆ယောက်ရှိတယ်ပေါ့။ ယောကျာ်းလေး သီးသန့်အဆောင်လေ။
"Hello "
တစ်ဖက်လူက နှုတ်ဆက်လို့ ပြန်နှုတ်ဆက်လိုက်တယ်။ ကြည့်ရတာ စာဂျပိုးရုပ်။ ကောင်းတာပေါ့ ။ အေးဆေးနေရတယ်။
"Hello"
"တွေ့ရတာ ဝမ်းသာပါတယ် ငါ့နာမည်က နွေဦးရိပ် မင်းနာမည်ရော"
"wow လှလိုက်တဲ့နာမည်ပဲ တွေ့ရတာ ဝမ်းသာတယ် ငါ့နာမည်က ထူးသက်ကျော်"
"မင်းနာမည်လည်း အလန်းပဲ "
"အင်း ဒါနဲ့ မင်း ဘော်ဒါနေလား"
"နေတယ် မင်းရော "
"ငါက ၃ ရက်ပဲနေမှာ ကျန်တဲ့နေ့ပြန်မှာ "
"အော် လာတုန်းက မင်းအစ်မလာပို့တာလား"
"ဟင် အစ်မ အော် အေး ငါ့အစ်မပေါ့ ငါ့အစ်မလာပို့တာ သူက ကိုယ်ဝန်နဲ့ပေါ့"
ထူးသက်ကျော်ရယ်မိတယ်။ ကိုလင်းက ဆံပင်ကုပ်ထောက်နဲ့။ အင်္ကျီရှည်နဲ့ဆိုတော့ မိန်းကလေးထင်သွားတာပေါ့။ အိမ်ရောက်မှ သူ့အကိုကိုပြောပြီးရယ်ရမယ်။ဘော်ဒါကျောင်းသားတွေအတွက် အဆောင်က အနောက်ဖက်မှာ ။ ၂ ယောက်တစ်ခန်းဆိုပေမဲ့ ရေချိုးခန်းနဲ့ အိမ်သာက ၂ခန်းပေါင်းပေးထားတော့ ၄ယောက်တစ်ခန်းပေါ့။
"ရော့ ရေသောက်လိုက်ဦး"
"ဘာဖြစ်လို့လဲ "
"မင်း မျက်နှာနီနေတယ် နေပူလို့ထင်တယ်"
"အော် ဒါလား ဒေါသထွက်လာတာ"
"ဘာဖြစ်လို့လဲ"
"ဆရာမက ငါ့ကို အလယ်တန်းကျောင်းသားလားတဲ့ ငါ့မျက်ခွက်ကို မုန်းတာအာ့ကြောင့်"
နွေဦးရိပ် သဘောကျစွာရယ်နေမိတယ်။
"မရယ်နဲ့ကွ တစ်ကယ် ဒေါသထွက်တာ "
"အဲလိုပြောခံရတာ ငါတစ်ယောက်ထဲထင်နေတာ မင်းရောပြောခံရတာကို"
"မင်းရောပဲလား"
"အေး "
၂ယောက်လုံး ရယ်လိုက်မိတယ်။ထူးသက်ကျော်က ပြတင်းပေါက်နားမှာ ထိုင်ရတယ်။ အခန်းတံခါးပိတ်ထားပေမဲ့ အပြင်ကို မြင်ရတယ်။ အဲအချိန်တခြားအတန်းကလူတွေလည်း ရောက်လာတယ်။ဆရာမ လာတော့မှာမို့ ထူးသက်ကျော်လည်း စာအုပ်ထုတ်လိုက်တယ်။ စာအုပ်အဖုံးက btsပုံလေ။ လက်နဲ့ဖွဖွလေးထိလိုက်တယ်။ ထူးသက်ကျော်ဆိုတဲ့ကောင်က စာအုပ်ကိုင်တာပဲ စည်းကမ်းမရှိတာ။ ငါ့idolပုံပါရင် ဖုန်တစ်စက်တောင် မပေအောင်ထားတာ။ အကြောင်းသိတဲ့ အဖေက အာ့ကြောင့် ကိုရီးယားပုံနဲ့ စာအုပ်ကို ဝယ်ပေးတာ။
"ဟျောင့် armyလား"
"အေး"
"Bravoပဲ ငါ့လည်း armyပဲ handfight"
"handfight ဒါနဲ့ မင်းbiasက ဘယ်သူလဲ"
"jiminလေ သူ့ကို ကြိုက်တယ် နွေဦး မင်းရော ဘယ့်သူ့ကိုbiasလဲ"
"ငါက Rm"
"ပျော်လိုက်တာကွာ "
"ငါရောပဲ"
၂ယောက်သား btsအကြောင်းတွတ်ထိုးနေလိုက်ကြတယ်။
"နွေဦးရိပ်"
ထူးသက်ကျော်ရော နွေဦးရိပ်ရော မော့ကြည့်လိုက်တယ်။
ထူးကတော့ ဘယ်သူပါလိမ့် ငါတို့အတန်းမှာ လူပြည့်နေပြီလေ။ နွေဦးကတော့ ပြန်ပြုံးပြလိုက်တယ်။
"တိမ်မင်းခန့်ပါလား ဘာကိစ္စလဲ"
"ရော့ မင်းအတွက် မျက်မှန်လေ ဒီနေ့ရလို့ မင်းအမေက ငါနဲ့ထည့်ပေးလိုက်တာ "
"အမေကလည်း ကိုယ်တိုင်လာတာမဟုတ်ဘူး"
"ငါပဲ အတင်းယူလာတာ"
"အေး ကျေးဇူးပဲ "
"ငါက Aမှာ မင်းလည်း Aရောက်မယ်ထင်တာ နောက်တော့ ရောက်လာမှာပေါ့ ငါသွားပြီ အော် ဒီနေ့ မင်းအတွက် ထောပတ်သီးဖျော်ရည် ၂ ဘူးဝယ်လာတာ မင်းသူငယ်ချင်းအသစ်ထင်တယ် "
ထူးသက်ကျော်လည်း ပြန်ပြုံးပြလိုက်တယ်။
"ပြီးပြီ မဟုတ်လား"
"အင်း သွားပြီ"
တိမ်မင်းခန့် ထွက်သွားတော့ အတန်းထဲ ကောင်လေးတစ်ချို့က မိန်းမကို ဂရုစိုက်လှချည်လား။ တည်ငြိမ့်ခန့်တို့ roတယ်နော် အစ ရှိသဖြင့် စနေကြတယ်။နွေဦးရိပ်ကတော့ လက်သီးဆုပ်ပြီး ဒေါသထွက်နေလေရဲ့။ ထူးတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်နေလေရဲ့။
"အဲတာကြောင့် $ကြည့်လို့မရတာ"
"မင်းကလည်းကွာ ဒေါသထွက်မနေနဲ့ ယူလာပေးတာပဲ ရော့မျက်မှန်တပ်လိုက် ထောပတ်သီးပဲ ဆရာမ မလာခင်မြန်မြန်သောက်ဟ"
"သေတောင် မသောက်ဘူး"
"လုပ်မနေနဲ့  ဒေါသထွက်ရင် အချိုစားရတယ်တဲ့ မင်းအဲကောင်ကို ဒေါသထွက်တာနဲ့ စားစရာနဲ့မဆိုင်ပါဘူးကွာ သောက်ပြီးရင် btsအကြောင်းထပ်ပြောရအောင်"
"အေး ငါကလေ Vရဲ့ အသံသြသြကြီးနဲ့ဆိုထားတာကိုကြိုက်တာ#®¥®%*x"
"အေး Eat jinကလေ ဟိုတစ်ခါဟင်းချက်တုန်းကပေါ့#&$*€"
၂ယောက်သား တွတ်ထိုးနေရင်းနဲ့ စိတ်တိုနေတာတောင်ပျောက်သွားလေရော။

FANCY U                                   Onde histórias criam vida. Descubra agora