ထူး ကာရံတို့နဲ့ ချိန်းထားတာရှိလို့ ကားယူပြီးထွက်လာတယ်။
ကားမောင်းသင်ထားတာ မကြာသေးလို့ မြန်မြန်တော့ မမောင်းရဲသေးဘူး။
ကိုလင်းလား။
စိတ်မပူနဲ့။
ဦးလေးကြီး ရှိတယ်။
လေတချွန်ချွန် နဲ့ Parkingထိုးပြီး XXX Centreပေါ်တက်လာတယ်။
ကာရံမြင့်မြတ်၊စစ်ခေါင်မှူး၊နွေဦးရိပ်၊တိမ်မင်းခန့်နဲ့ ခွန်တာဦးလွင်တို့ကို လိုက်ရှာကြည့်တော့ KFC ဆိုင်မှာ။"ဟေ့ ကျော်ကြီး ငါတို့ ဒီမှါ "
"အေး မတွေ့တာတောင်ကြာပြီ"
"အေး မင်းတစ်ယောက်ထဲလား ဗညားရော"
"မသိဘူးလေ "
"မင်းတို့ကလည်း အတွဲတွေ ဖြစ်ပြီး ဘယ်မှာရှိမှန်းတောင် မသိဘူး"
"အတွဲဖြစ်တိုင်း သိနေစရာလား "
သူငယ်ချင်းတွေခေါ်ပြီး အသည်းအသဲ Roပြနေတဲ့ ကာရံနဲ့ စစ်ခေါင်မှူးတို့ကို မေတ္တာ တစ်ချက်ပို့ပေးလိုက်တယ်။
"ကိုယ် လှီးပေးမယ် ဆီတွေပေကုန်မယ် အအေးသောက်ဦး"
"အမလေး စစ်ခေါင်မှူးရယ် ပိုလိုက်တာ ရည်းစားရနေတာလား ကလေးရနေတာလား"
"ကျော်ကြီး မင်းမနာလိုဖြစ်မနေနဲ့ ရည်းစားဆိုတာ ပျော်ဖို့ထားတာမဟုတ်ဘူး ချစ်ဖို့ထားတာ အခု ဂရုစိုက်တာတောင် အားရတာ မဟုတ်ဘူး "
"ပါးစပ်ထဲ ထည့်ငုံ့ထားလိုက် "
"ထူးကလည်း စားစရာရှိတာစား ကိုစစ် "
ကာရံ အသံမာမာနဲ့ ပြောလိုက်တာနဲ့ ပျာပျာသလဲ ဂရုစိုက်နေတဲ့ စစ်ခေါင်မှူးကို အသံတိတ်လှမ်းဆဲပေးလိုက်တယ်။
"ထူး မင်း ၁၈ ပြည့်ပြီလား "
"မပြည့်သေးဘူး တစ်လလောက်လိုသေးတယ်"
"အော် မသိပါဘူး ကားယူလာတယ်ဆိုတော့ လိုင်စင်ရပြီလားလို့ "
"ကြိုလျှောက်ထားတာ အသက်ပြည့်တာနဲ့ရအောင် အခုက မောင်းသင်နေတုန်းမို့ နီးနီးနားနားသွားလို့ရတယ် ဘာလုပ်ဖို့လဲ "
" ညကျရင် club သွားရအောင် "
"နွေဦး မင်းအမေလက်က ကြွနေမယ် "

YOU ARE READING
FANCY U
RomanceName - Fancy U Main characters - ဗညားမင်းခန့်ပိုင်၊ထူးသက်ကျော် Cove in Clover series - 1 Version - Both Unicode and Zawgyi Versions Chapters - 48 completed Description -အလယ်တန်းကျောင်းသား ဘဝတုန်းက တိတ်တခိုးချစ်ရတဲ့ ကောင်လေးကို အလယ်တန်းပြီးလို့ ကျ...