Happy new year side story

349 26 0
                                    

Happy new year နေ့မှာ အပြင်ထွက်ကဲဖို့အတွက် ထူးတို့က စီစဥ်ထားကြတယ်။ မြို့ထဲက လမ်းတွေကို လျှောက်လည်မယ်။ ပြီးရင် သူငယ်ချင်းတွေအားလုံးပေါင်းပြီး မြစ်ဘေးကို သွားပြီး happy new year ကို ကြိုဆိုကြမယ်ပေါ့။
အားလုံး ဆုံမယ့်နေရာကို ဗညားနဲ့ခွန်တာတို့  ၂ ယောက်က လွဲပြီး ကျန်တဲ့လူတွေ ရောက်နေကြပြီ။

"ထူး ဗညားကို ph ဆက်ကြည့်ဦး တော်ကြာနောက်ကျနေမယ် "

စစ်ခေါင်က လှမ်းပြောသည်။ ထူးက ဆက်ကြည့်ပေမဲ့ လူကြီးမင်း $%&&နဲ့သာ တိုးသည်။

"မကိုင်ဘူး"

"မင်းတို့ ၂ယောက်ကလည်း ရည်းစားမဟုတ်တာကျနေတာပဲ တူတူသွားသွားလာလာရှိမှပေါ့ မင်းတို့ ၂ယောက်က သိပ်လည်း မခေါ်မပြောနဲ့ ပြသနာဖြစ်ထားကြတာလား "

"ဟုတ်တယ် ကိုစစ်ပြောတာ ဟုတ်တယ် မင်းတို့အဆင်ပြေရဲ့လား "

နွေဦးကပါ ဝင်မေးတယ်။

"ပြေပါတယ် ဒီတိုင်း ကိစ္စအထွေအထူးမရှိလို့ပါ "

"ထူးသက်ကျော်ရာ ရည်းစားဖြစ်ရင် ကိစ္စအထွေအထူးရှိမှ ပြောစရာလား "

"သူများနောက်ပါကုန်မယ် သတိလည်း ထားဦး "

ကာရံနဲ့ စစ်ခေါင်ကပါ မနေနိုင်ဝင်မေးရတယ်။ ကာရံနဲ့ စစ်ခေါင်တို့လက်ထပ်ပြီးနောက်ပိုင်း ထူးတို့ သူငယ်ချင်းတွေမဆုံတော့တာများသည်။ အလုပ်ကိုယ်စီနဲ့ မအားလပ်တော့တာမို့ တစ်လတစ်ခါ ဒါမှ မဟုတ် ပွဲတစ်ခုခုကို တက်တာမျိုးမှ ဆုံဖြစ်ကြတော့တယ်။

"အင်းပါ ငါပြောကြည့်ပါ့မယ် အခု ခွန်တာကို သွားခေါ်ရအောင် သူ့လူကြီးက လွှတ်ပါ့မလား မသိသေးဘူး စောင့်နေမယ့်အတူတူ သူ့အိမ်ပဲ သွားခေါ်ရအောင် "

ထူးတို့ ၅ယောက်လည်း ခွန်တာဆီကို လိုက်လာသည်။ အိမ်ဝန်ထမ်းအဒေါ်ကြီးက ထူးတို့ ၅ယောက်ကို မှတ်မိလို့ တံခါးဖွင့်ပေးတယ်။

"ဦးခန့်ညားနဲ့ အကိုလေးတို့က အပေါ်ထပ်မှာကွဲ့ တက်သွားနှင့်နော် အဒေါ်လိုက်မပို့တော့ဘူး "

"ဟုတ်ကဲ့"

ဦးခန့်ညားနန္ဒက ခွန်တာကို အပြင်သိပ်မလွှတ်ပေမဲ့ ထူးတို့အိမ်လာရင်တော့ လက်ခံတယ်။ ခွန်တာနဲ့ ထူးက တက္ကသိုလ်မှာ library arrangmentကို တူတူသင်နေကြတာပေါ့ ပိုပြီး ရင်းနှီးတယ်။ အပေါ်ထပ်အခန်းနားအရောက် ထူးတို့ ၅ယောက်ကြားလိုက်ရတဲ့ အသံတွေကြောင့် အားလုံး မှင်သက်ပြီးး ရပ်နေမိတယ်။

FANCY U                                   Unde poveștirile trăiesc. Descoperă acum