episode 33

507 29 4
                                    

         ဒီနေ့က ဂျူနီယာလေးကို စာသင်ရမယ့်နေမို့လို့ ပုဆိုးဝတ်လာခဲ့တယ်။အရပ်က ၅ ပေ ၃ပဲရှိတာ မလို့ ပုဆိုး အပြာရောင်နဲ့ဆိုတော့ အလယ်တန်း ကျောင်းသားလို ဖြစ်နေတယ်။
{အလယ်တန်းကျောင်းတွေမှာ ပုဆိုး အပြာကို ဝတ်ခွင့်ပေးထားတာကြောင့်ပါ }
အင်္ကျီလည်ကတုံး အဖြူလေးနဲ့ ကျောပိုးအိတ်အမဲလေး လွယ်ပြီး ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေလိုက်တယ်။ကား မမောင်းချင်တာရော အပြန်မှာ ဗညားက လာခေါ်မယ်လို့ ပြောထားတာကြောင့် ဘတ်စ်ကား စီးဖို့သာ ဆုံးဖြတ်လိုက်တယ်။
မိုးဖွဲဖွဲလေး ကျနေတာကြောင့် မျက်မှန်က ဝါးတားတားဖြစ်လာတယ်။ဒီနေ့မှ ထီးမယူလာမိ။

"ထီး အတူဆောင်းမလား ညီလေး "

ထူး မော့ကြည့်တော့ အရပ်က သူ့ထက် ခေါင်းတစ်လုံးစာ ပိုမြင့်ပြီး ခပ်ချောချောကောင်လေးတစ်ယောက်။

"အဲတာဆို ကျေးဇူးပါ ထီးကျန်ခဲ့လို့"

ထူးလည်း မငြင်းတော့ပေ။စာသင်တဲ့ အချိန်မှာ ရေစိုနေတာမျိုးလည်း မလိုချင်တာကြောင့် လက်ခံလိုက်တယ်။ဘတ်စ်ကားလာတော့လည်း သူ့ကို ဂရုတစိုက် ကူညီပေးတယ်။ကား က လူနည်းနည်းကြပ်နေတာမို့ ခန္ဓာကိုယ်ချင်းက ကပ်နေတယ်။ယောကျ်ားလေးချင်း ခန္ဓာကိုယ်ချင်း ထိနေတာက ပြသနာမရှိပေမဲ့ ကားပေါ်မှာ fujoshiမတစ်သိုက် ပါလာတယ်။
သူတို့ကို ပြုံးစိစိနဲ့ ကြည့်နေတာ အကြည့်တွေကိုသိတာပေါ့။အဲလူငယ်ကလည်း ကားတစ်ချက်brake အုပ်လိုက်တာနဲ့ သူ့ရှေ့ကို နည်းနည်း ယိုင်သွားပြီး သူ့ဆံပင်တွေကို နမ်းမိသလိုဖြစ်သွားတော့ ဟိုတစ်သိုက်က ထအော်ပါလေရော။စာကြည့်တိုက်မှတ်တိုင်ရောက်မှ သူစိတ်အေးရတယ်။အဲလူငယ်ကလည်း သူနဲ့ အတူတူ လိုက်ဆင်းတယ်။

"ဒါနဲ့ ညီလေးက MMSH Library ကို ဘယ်လိုသွားရလဲ သိလား"

"ဟုတ် ဒီက ရှေ့တည့်တည့်သွားပြီးရင် ဘယ်ချိုးလိုက် အဲမှာ Angle cafeရှိတယ် အဲဘေးမှာ ဝင်ပေါက် တံခါး"

"ကျေးဇူးပါ ထီးယူသွားမလား"

"မယူတော့ပါဘူး မိုးလည်း တိတ်နေပြီကို ကူညီတဲ့ အတွက်ကျေးဇူးပါ သွားခွင့်ပြုပါဦး "

FANCY U                                   Where stories live. Discover now