Unicode
ထူး ဘာမှ ဆက်မတွေးတော့ဘဲ ကားဆီကိုသာ ပြန်လာခဲ့သည်။
"လေးလေးထူးရာ ကြာလိုက်တာ "
"စကားပြောနေလို့ပါ သွားရအောင် "
ကလေးတွေနဲ့ အတူတူ ကစားကွင်းဆီကိုသာ ထွက်လာသည်။ကာရံကတော့ နွေဦးဆီမှာနေခဲ့တာမို့ ခွန်တာနဲ့ ထူးကသာ ကလေးတွေနဲ့ ကစားကွင်းဆီကို ရောက်လာသည်။
"လေးလေးရေ သားတို့လေ ရေသွားကူးရအောင် "
"ဟင် မဖြစ်ဘူးလေ "
"လေးလေးကလည်းဗျာ "
"လေးလေး အဝတ်ပို မယူလာဘူးလေ "
"ဟွန့် လေးလေးကလည်း ရေဆော့ချင်တာပါဆို"
"ဒီတစ်ခေါက်တော့ မဆော့နဲ့တော့နော် လေးလေးတို့ စက်ဘီးသွားစီးရအောင် "
"yayy ok"
သို့ပေမဲ့လည်း စက်ဘီးစီးမည့်ပန်းခြံနေရာမှာ မိခင်နှင့် ကလေးများသာ လာရမည် ဟု ဆိုင်းဘုတ် ကပ်ထားသည်။
"ဘယ်လိုလုပ်ရပါ့မလဲ တခြားဟာတွေပဲ လျှောက်ဆော့ကြရအောင် "
"လေးလေးကလဲ ဟိုဟာလဲ မဆော့ရ ဒီဟာလဲမဆော့ရနဲ့ "
ကလေး ၂ယောက်ကတော့ စကောက်နေပါပြီ။
ခွန်တာက အနားတို့ကပ်ပြီး အကြံတစ်ခုလာပေးသည်။"မဖြစ်ဘူးဟ အဲလိုလုပ်လို့မဖြစ်"
"ကလေးတွေက အရေးကြီးတယ်လေ "
ခွန်တာက ဘယ်လိုလဲ လုပ်မလားမလုပ်ဘူးလားလို့ မေးနေသည့် မျက်နှာထားနဲ့။
"ok ကွာ ဒါပေမဲ့ မင်းပါးစပ်လုံပလေ့စေ "
"စိတ်ချ စိတ်ချ "
"ကလေးတို့ လေးလေး ခနလောက်သွားစရာရှိလို့ အခုပြန်လာမယ်နော် ဦးဦးခွန်တာနဲ့နေခဲ့နော်"
"လေးလေး ဘယ်သွားမို့တုန်း"
"လေးလေး ခနနေပြန်လာမယ်"
ခွန်တာပေးတဲ့အကြံက မိန်းကလေးလို ဝတ်ခိုင်းခြင်းပင်။
ထူးလည်း နီးစပ်ရာ shopping mall တစ်ခုမှာ အဝတ်လဲလိုက်သည်။ ရုပ်ကိုက မိန်းကလေးဖက်သွားတာမို့ သိပ်တော့ပြသနာမရှိ ။ အဖြူရောင် အပွင့်ဖတ်လေးတွေနဲ့ အင်္ကျီလက်ရှည်ကို စကတ်ပန်းရောင်လေးနဲ့တွဲဝတ်ရင်း ဦးထုပ်လေးဆောင်းလိုက်သည်။ ဆံပင်ရှည်အတုနဲ့ ဖိနပ်ဒေါက်အတိုလေးကို ဝတ်ရင်း မှန်ထဲ ပြန်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/238706368-288-k473769.jpg)
YOU ARE READING
FANCY U
RomanceName - Fancy U Main characters - ဗညားမင်းခန့်ပိုင်၊ထူးသက်ကျော် Cove in Clover series - 1 Version - Both Unicode and Zawgyi Versions Chapters - 48 completed Description -အလယ်တန်းကျောင်းသား ဘဝတုန်းက တိတ်တခိုးချစ်ရတဲ့ ကောင်လေးကို အလယ်တန်းပြီးလို့ ကျ...