episode 44

511 25 2
                                    

      မမျှော်လင့်ခဲ့သည်ဟုပင် ပြောရမည် ။ ထူးအနေနဲ့ Onilne တွင်ရေးသားနေသော novel ထဲမှ တစ်ခုသည် ဇာတ်လမ်းတွဲရိုက်ရန် ကမ်းလှမ်းခံသည်။ ထို့အပြင် manga ဆွဲရန်လဲ ကမ်းလှမ်းခံရသည်။ ဇာတ်လမ်းကမူ သူငယ်ချင်းများအကြားခိုင်မာသော မေတ္တာတရားတရားအကြောင်းကို ဘဝကိုယ်စီတည်ထောင်ပြီးသွားသည့်တိုင် ခိုင်မာနေမြဲဖြစ်ကြောင်းကို ရေးသားထားသော ဇာတ်လမ်းတစ်ခုပင်။ ထူးက သူ့ရဲ့သူငယ်ချင်းများအကြောင်းနဲ့သူဖြတ်သန်းခဲ့ဖူးသော ဘဝအတွေ့အကြုံများကို ဇာတ်လမ်းအဖြစ်ဖန်တီးခဲ့သည်။ ထိုကြောင့် ရေးသားထားခဲ့သော စာများကို စာရွက်များသို ပြန်လည်ရိုက်ကာ print ထုတ်ပေးရမည်ဖြစ်သည်။

တီလ် တီလ်

ဘဲလ်တီးသံလေးထွက်လာသည်မို့ ထူး စာရိုက်နေရာမှ ထပြီး တံခါးဖွင့်ပေးသည်။ ဆောင်းရာသီမနက်ခင်းမို့ ရာသီဥတုက ချမ်းစိမ့်နေသည်။

" ဖိုးခွါးလေး မြန်မြန်အထဲကိုဝင် "

ထူးကို စက်ဘီးနဲ့တိုက်ခဲ့တဲ့ ကောင်လေးက ကရင်လူမျိုးဖြစ်ပြီး နာမည်က စောရိုခိုမှူး တဲ့။ ထူးက နာမည်ကို ရင်းနှီးတဲ့သဘောမျိုးနှင့် ဖိုးခွါးလေး ဟု ခေါ်သည်။

"အေးလိုက်တာဗျာ "

"အေး ဟုတ်တယ် ဒီနေ့က အထွေအထူးတော့ မရှိဘူး နေ့လည်စာချက်ဖို့နဲ့ စာရိုက်ဖို့ပဲ ရှိတာ အခု အကို့ကို မနက်စာလေး ပြင်ပေးဦး "

"ဟုတ်"

ဖိုးခွားလေးက ချက်ပြုတ်တတ်သည်ဆိုသောကြောင့် ထူး အိမ်မှာ ချက်ပြုတ်ခိုင်းဖို့ ခေါ်ထားလိုက်သည်။ အဆောင်မှာ ထမင်းစားမည်ဆိုပါက အပိုငွေလည်း ကုန်တာကြောင့် ထူးက သူ့ဆီမှာ ချက်ပြုတ်ရင်း ထမင်းပါ ကျွေးထားသည်။ သူအနေနဲ့က စာရိုက်ကူ ဟင်းချက်ပေးတာလောက်ပင်။

"အကို ရပြီဗျ "

"အေး ဒီလာဦး "

စာရိုက်ရမည့်အပိုင်းများနှင့် စာလုံးပေါင်းစစ်ရန် တချို့ ပြောင်းလိုသည်များကို ပြောပြသည်။ ဖိုးခွါးက IT ကျောင်းသားမို့အထွေအထူး ပြောစရာမရှိပေမဲ့ လိုချင်သည့် ပုံစံကို ထူးက ပြောရသည်။ ဖိုးခွါးကို အလုပ်ပေးပြီးနောက် Manga ဆွဲပေးမည့် သူများအား character များပုံစံအား သေချာဆွေးနွေးနေသည်။

FANCY U                                   Where stories live. Discover now