Zawgyi
ငှားရမ်းခြင်းနှင့်ပတ်သက်သည့်website ပေါ်မှာ အိမ်တစ်လုံးငှားမည့်အကြောင်း post တစ်ခုဟာ ထိပ်ဆုံးသို့ရောက်ရှိသွားခဲ့ပြီ။
အိမ်က ကောင်းမွန်သည့် နေရာမှာရှိပြီး အခန်းဖွဲ့စည်းပုံကလဲကောင်းသည့်အပြင် ငှားခကလည်း သက်သာသည်။
အခြေခံသဘောတရားအရ ဒါကမကြာခင်မှာပင် ငှားလို့ရသင့်သည်။ သို့သော်လည်း ငါးရက်ကြာသည့်တိုင် သည်အတိုင်းသာ။
post ကိုမဖျက်ရသေးသလို အခြားpost တွေအားလုံးရဲ့ထိပ်ဆုံးမှာ ရှိနေတုန်းပင်။ စပ်စုလိုသူတွေက သူတို့ရဲ့စပ်စုလိုသည့် အတွင်းစိတ်နှလုံးကို မခုခံနိုင်ပါချေ။
သူတို့ဟာ ၀င်ရောက်ကြည့်ရှုလိုက်ကြသည်။ သူတို့မြင်လိုက်ရသည်က စိတ်ဝင်စားဖွယ်ရာ comment များဖြစ်သည်။
—— Fuck!!! အိမ်ငှားဖို့လေးကို စစ်တမ်းမေးခွန်းလွှာတွေဖြေဖို့လိုတယ်လို့ ငါပထမဆုံးသိရတာပဲ။ ငါ့အဖြေတွေက အိမ်န်းပိုင်ရှင်ရဲ့ လိုအပ်ချက်နဲ့မညီဘူး။ သူကစာချုပ်ထားမှာ မဟုတ်ဘူး။ Fuck!!! အရင်တုန်းက ငါသာလုံ့လရှိခဲ့ရင် ဒီလိုအိမ်မျိုးနဲ့ နေရလောက်ပြီးပြီ။ မင်းနဲ့လာပြီးကစားပေးနေမှာတောင် မဟုတ်ဘူး။
—— အိမ်ပိုင်ရှင်က အသားဖြူ၊ အရပ်ရှည်ပြီး သန့်သန့်ရှင်းရှင်းနေတတ်တဲ့ ဆယ်ကျော်သက်လေး။ ဒါပေမယ့် အဲဒါကပဲ စိတ်ရောဂါပြဿနာတစ်ခုခု ရှိနေတဲ့ပုံပေါ်တယ်။ ဒီလိုလူတစ်ယောက်နဲ့ အတူနေရမှာ ဘယ်လိုမှအဆင်မပြေဘူး။ ငါ... ဒီအမျိုးသမီးကတော့ တခြားနေရာပဲ သွားတော့မယ်။
—— စစ်တမ်းမေးခွန်းလွှာကတော့ သဘောကျစရာပဲ။ မမျှော်လင့်မိတာက မေးခွန်းက လူတစ်ယောက်အကြောင်း ထင်မြင်ချက်ကို မေးနေသလိုပဲနော်။ ဒါက သူ... gong လေးတစ်ယောက်လောက် ရှာနေတာဖြစ်နိုင်မလား။ အိုင်းယိုး!!!! ငါသာယောက်ျားလေးတစ်ယောက်ဆိုရင် သူ့ကိုဖိချထားလိုက်မှာ။ ခါးသေးသေးလေးက တစ်ကယ်ကို စွဲမက်စရာလေးဟဲ့။ ဘာပဲဖြစ်ဖြစ် shou တစ်ယောက်ရဲ့ပျော်ရွှင်မှုအတွက် ငါဘေးဖယ်ပေးလိုက်ပါ့မယ်။ gong လေးရေ နင့်ရဲ့လူဆီ မြန်မြန်လေးလာပါတော့။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)
RomanceFull credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ʀᴇsᴘᴏɴsɪʙʟᴇ ᴀssᴏᴄɪᴀᴛᴇᴅ ɴᴀᴍᴇ-老子不要你负责! ˢᵒᵘʳᶜᵉ - ʳʳʳʳʰᵉˣⁱᵃ Unicode Night clubတစ်ခုမှာ အပျော်ရှာပြီးသိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ မ...