Chapter 21: Abhorrent little thing! Just you wait! 1

5.9K 966 65
                                    

Unicode

ထိပ်တန်းမီဒီယာကုမ္ပဏီတစ်ခု...အမ်း..အတိအကျပြောရရင် ကောင်စုတ်လေးမှာ အလုပ်ကောင်းကောင်းတစ်ခုရှိတာပဲ..အနည်းဆုံးတော့ သူကလွတ်လွတ်လပ်လပ်ရှိပြီး အလွယ်တကူပြောင်းလဲနိုင်တဲ့အပြင် သာမန်ကုမ္ပဏီလေးကတောင်မှ သွားလာခွင့်ပေးဆောင်ရသေးတယ်..

အထက်ပါအချက်တွေက စုကျစ်ယန်၏ကုမ္ပဏီထဲကို လျှောက်ဝင်သွားစဥ် ဖြစ်ပေါ်လာသည့် လင်ကျန်းရီ၏အတွေးများဖြစ်သည်။

ဧည့်ကြိုကောင်တာရှိအမျိုးသမီးသည် အထဲကိုဝင်လာသည့် လင်ကျန်းရီကိုမြင်လိုက်ရသည့်အခါ သူမ၏မျက်လုံးများကတောက်ပလာသည်။
ဝေါင်း အရမ်းအရမ်းကိုခန့်တဲ့ချောတဲ့ ခန့်ချောအစ်ကိုကြီးပဲ!

အမ်? ခဏနေပါအုံး သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ..

ဥက္ကဌလင်! ဘုရားရေ..အဲတာ လင်းရှီစီးပွားရေးလုပ်ငန်းစုက ဥက္ကဌမလား !!!

လတ်တလော ရောင်းအားအမြင့်ဆုံး ဖျော်ဖြေရေးမဂ္ဂဇင်းရဲ့အဖုံးကလူက သူမလား!
ခန့်ညားပြီးချောတယ် ချမ်းသာတယ် ပျူငှာပြီးနူးညံ့သိမ်မွေ့တဲ့ပုံလေးနဲ့ သူကမရေမတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့စိတ်ထဲက ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးပဲ!

သူအခု ဒီကိုဘာလာလုပ်တာတုန်း? သူတို့ကုမ္ပဏီကမသေးပေမယ့်လည်း လင်းရှီစီးပွားရေးလုပ်ငန်းစုနဲ့ဆိုရင်တော့ မနှိုင်းယှဥ်ရဲပါဘူး!

ဖြစ်နိုင်တာက အတွင်းသတင်း(အတင်းအဖျင်း)တစ်ခုခုများကြားခဲ့လို့လား?

ဧည့်ကြိုမိန်းကလေး၏အပြုံး၏ပို၍ နူးညံ့သိမ်မွေ့လာပြီး ရှက်ရွံရိပ်သန်းလာသည်။လင်ကျန်းရီက သူမအနားကိုရောက်လာပြီး သူမကိုကြည့်ကာ ပြုံးလိုက်စဥ်မှာပေါ့။

"Hello ကျွန်တော် စုကျစ်ယန်ကိုရှာနေတာပါ သူ့ကိုခေါ်ပေးလို့ရမလား"

လင်ကျန်းရီက ယဥ်ကျေးစွာပြောခဲ့သည်။သူကရုပ်ချောတဲ့လူတစ်ဦးဖြစ်ရကား ထိုသို့အသိစိတ်ရှိမည်မထင်ခဲ့သဖြင့်သူ့မျက်နှာပေါ်ကအပြုံးကို မြင်လိုက်ရစဥ် အားလုံးက အံ့အားသင့်သွားခဲ့ရသည်။
(T/N - ရုပ်ချောတော့ မာနကြီးမယ်ထင်ထားတဲ့သဘောပါ)

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now