Chapter 59: Those doted ones are all fearless

2.9K 531 19
                                    

Unicode

အခန်း ၅၉: ဒီအကောင်လေးကတကယ်ကို အကြောက်အလန့်မရှိတော့ဘူး

__________________________________________

စုကျစ်ယန်ဟာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး လင်ကျန်းရီ၏ ထိတ်လန့်အံ့သြ နေဟန် အကြည့်ကြောင့် ရယ်မောလိုက်သည်။

”ဘာလို့ အဲ့ဒီလောက်တောင် ရိုးရှင်းနေရတာလဲလို့ ခင်ဗျားတွေးနေတာလား”

လင်ကျန်းရီက ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

”ကိုယ်တကယ် အဲ့ဒီလိုတွေးနေတာ”

”နောက်ပိုင်းအိုးဆူလာရင် ဆန်တွေ အိုးမှာကပ်မသွားအောင် ဇွန်းနဲ့ ခဏခဏမွှေပေးသင့်တယ် ပြီးတော့ ခင်ဗျားအပူရှိန်လည်းလျှော့ချရမယ် တကယ်လို့ ဂျုံယာဂုကို ပျစ်ပျစ်လေးစားချင်တယ်ဆိုရင် ခင်ဗျား ရေလျှော့ထည့် ဒါမှမဟုတ် ဆန်ကို ပိုပြီးတော့ထည့်သင့်တယ် တကယ်လို့ခင်များဆန်ကို ရတနာရှစ်ပါးဆန်ပြုတ်၊ မတ်ပဲလီလီဆန်ပြုတ်(မတ်ပဲနဲ့လီလီဥကိုဆန်နဲ့ရောပြီးဆန်ပြုတ်ချက်ထားတာပါတဲ့)၊ ပဲပြောင်းဆန်ပြုတ်(ပဲနီလေးနဲ့နှံစားပြောင်း)တို့လို ယာဂုတွေချက်ချင်ပင်တော့ အဲဒီ့ထဲကအချို့ပဲတွေနဲ့ ဆန်တွေက တစ်ညလုံးရေစိမ်ထားဖို့တော့လိုတယ် တကယ်လို့ တစ်ညလုံးရေစိမ်ထားမယ် ဆိုရင် ရေဆူဆူကြီးနဲ့ ပြုတ်လို့မရဘူး ဆန်တွေက အပူလွန်ပြီးသေသွားလိမ့်မယ် ”

ကျစ်ယန်က လျှင်မြန်စွာ ပြောဆိုပြီးတဲ့နောက်တွင် လင်ကျန်းရီတွေးနေသည့် *ရိုးရှင်းသည်*ဟူသော စကားလုံးမှာ ခပ်မြန်မြန်ပင် ပျောက်ကွယ်သွားရသည်။

”ချက်ပြုတ်ဖို့အတွက် ထိုးထွင်းသိမြင်နိုင်စွမ်းနဲ့ နားလည်မှုစွမ်းရည် အများကြီးကို လိုအပ်တယ်”

လင်ကျန်းရီက စုကျစ်ယန်ပြောသည့် ဆန်တွေ အပူလွန်ပြီး သေသွားလိမ့်မယ်ဆိုတဲ့ စကားကိုသာ စဥ်းစားနေခဲ့သည်။ သူက စိတ်ဝင်စားစွာဖြင့် ပြန်မေးလိုက်သည်။

”ဆန်တွေက အသက်ရှင်တာလား ဘာလို့အပူလွန်ပြီးသေမှာလဲ”

”…”

ကျစ်ယန်ရဲ့ မျက်နှာက နက်မှောင်သွားပြီးတော့  လင်ကျန်းရီကို မီးဖိုခန်းရဲ့ အပြင်ဘက်သို့ ခပ်မြန်မြန်ပဲ တွန်းထုတ်လိုက်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now